SUS Part 18

16.3K 2.2K 117
                                    

Unicode

မနက်စောစောစီးစီး ကျက်သရေ မင်္ဂလာကင်းမဲ့လှတဲ့
နှိုးစက်သံ တညံညံအောက်မှာ Xiao Zhan တစ်ယောက် မထချင် ထချင်နဲ့ လူးလဲထမိသည်။
တစ်ခါတလေလေး နားရပါတယ် အခုတော့
ယုတ်မာလွန်းတဲ့ System ရဲ့ အမိန့်အောက်မှာ
အဓိပ္ပါယ်မရှိတဲ့ Mission ဆိုတာကြီးကိုလည်း
သွားလုပ်ရဦးမည်။

ကြည့်ပါဦး ဘယ်လောက်တောင် မင်္ဂလာမရှိလိုက်တဲ့
တနင်္ဂနွေနေ့လေးလဲဆိုတာ ..........

ဘယ်လိုပဲ ကလေးဆန်လွန်းတဲ့ ပေါက်တတ်ကရ Mission တွေဆိုပေမယ့် သူ့အသက်နဲ့ တိုက်ရိုက်ပတ်သတ်နေတော့
မလုပ်ချင်ဘူးဆိုရင်တောင် လုပ်မှဖြစ်မည်မို့ Xiao Zhan
လေးကန်နေတဲ့ ခြေလှမ်းတွေနဲ့ စတင်ထွက်ခွာဖို့ ပြင်ဆင်ရတော့သည်။

ထူးထူးဆန်းဆန်း ဒီနေ့မှ တစ်အိမ်လုံး တိတ်ဆိတ်
ငြိမ်သက်နေလိုက်တာ။ အရင်ဆို ထမင်းခန်းမှာ ဖြစ်စေ
ဧည့်ခန်းမှာဖြစ်စေ အမြဲလိုလိုရှိနေတတ်တဲ့
Wang ပေါက်စကို မတွေ့။

မတွေ့တာလည်း တမျိုးကောင်းပါတယ်။ မဟုတ်ရင်
ဘယ်သွားမှာလဲ ဘာလုပ်မှာလဲနဲ့ ရဲစစ်သလို စစ်မေးနေဦးမည်။ မနေ့ညကတည်းက ပြောပြီးသားမို့ အဆင်ပြေမယ်ထင်တာပါပဲ။

Xiao Zhan ဟိုကြည့် ဒီကြည့်လုပ်ပြီး စားပွဲပေါ် အသင့်ရှိနေတဲ့ နွားနို့ခွက်ကို တစ်ကျိုက်တည်းမော့သောက်ပြီးနောက် Sandwich ကို ပါးစပ်မှာကိုက်ကာ ဖနောင့်နဲ့ တင်ပါး တစ်သားတည်းကျအောင် ပြေးတော့သည်။

GPS လေးဖွင့်ပြီး Y မြို့တော်ရဲ့ မြို့ပြင်ဘက်
သချိုၤင်းရှိရာကို မောင်းလာလိုက်တာ ကိုယ်တိုင်ကားမမောင်းတာကြာတော့ ကားမောင်းရတာတောင် သိပ်အဆင်မပြေချင်တော့သလို။ အမြဲတမ်းလိုလို Yibo မောင်းတဲ့ ကားစီးလိုက်၊ တစ်ခါတလေ Yibo စိတ်ရူးပေါက်ပြီး ရိုက်ကွင်းကို ယူလာတတ်တဲ့ ဆိုင်ကယ်နောက်က ထိုင်စီးလိုက်နဲ့ နေနေခဲ့တာ။ အရင်က ဘယ်သူအပေါ်မှာမှ မမှီခိုတတ်တဲ့သူက အခုဆို Yibo မရှိရင် ဘယ်မှ မသွားတတ် မလာတတ်နဲ့ ကြာလာရင် ထမင်းတောင် မစားတတ်တဲ့ ဘဝကို ရောက်မှန်းမသိကို ရောက်တော့မှာဖြစ်သည်မို့ Xiao Zhan
ကိုယ့်အဖြစ်ကိုယ် တွေးရင်း ရယ်ချင်မိသွားသည်။

SHUT UP !! SYSTEM !! Where stories live. Discover now