SUS Part 23

18.7K 1.9K 113
                                    

ZawGyi

တစ်ကိုယ်လုံးကို ကိုင်ရိုက်ထားသလို နာကျင်ကိုက်ခဲမှုတွေနဲ့အတူ Xiao Zhan နိုးထလာတော့သည်။ ဘယ်နေရာက နာလို့နာနေမှန်းတောင်မသိ။ ခန္ဓာကိုယ်အနှံ နာကျင်မှုတွေက
သူသေတုန်းကထက်တောင် ပိုပြီးဆိုးရွားနေသလိုပင်။

" Zhan ge နိုးလာပြီလား " ဆိုတဲ့အသံကြားလို့ Xiao Zhan ကြည့်လိုက်တော့ သူ့ဘေးမှာ ရေချိုးသန့်စင်ပြီး ဝတ်စုံအပြည့်နဲ့ ဖုန်းကို သည်းကြီးမည်းကြီး ကြည့်နေတဲ့ Wang Yi Bo။

Xiao Zhan ကိုယ့်ကိုယ်ကို ကြည့်လိုက်တော့ ရှပ်အဖြူလေးတစ်ထည်သာ ဝတ်ထားသည်။ ညစ်ပတ်နေတာမျိုးမရှိသည်မို့ ကျိန်းသေ သူအိပ်နေတုန်း Yibo က သန့်ရှင်းပေးထားတာပဲ ဖြစ်လိမ့်မည်။ Xiao Zhan ကိုယ့်အတွေးနဲ့ကိုယ် ညက ဖြစ်ခဲ့တာတွေ ပြန်တွေးမိရင်း မျက်နှာလေးရဲသွားမိသည်။

ရှက်စရာကောင်းလိုက်တာ။

တစ်ယောက်တည်း အမှောင်ကမ္ဘာတည်းမှာ တွေးချင်ရာတွေးပြီး မျက်နှာက နီသွားလိုက်ဖြူသွားလိုက် ဖြစ်နေတုန်း သူ့ဘေးမှာ ငြိမ်ကုတ်နေတဲ့ သကောင့်သားကို စိတ်ကပြန်ရောက်သွားသည်။

ဘာလဲဟ အရင်ဆို သူနိုးလာရင်
ပြာပြာသလဲ ဖြစ်နေတဲ့သူက အခုတော့ ဖုန်းသုံးတောင်မပြတ်ဘူး။ ဘာလဲ သူက ရပြီးသွားလို့ ဂရုမစိုက်​တော့ဘူးဆိုတဲ့ သဘောလား။

" Zhan ge !! ဘာလုပ်တာလဲ " 
Xiao Zhan လက်က စိတ်ထက်မြန်သည်မို့ Yibo လက်ထဲကဖုန်းကို ဆွဲလုပြီးကြည့်လိုက်​တော့ သူအတွေးနဲ့ အထင်တွေ တက်တက်စင်အောင် လွဲနေပြီဆိုတာ သိလိုက်ရသည်။

သောက်ကလေးက မဟုတ်တာတွေ
ကြည့်နေတာပဲ။

" WANG YIBO !!! မင်း အရှက်မရှိဘူးလား။ မင်းခေါင်းထဲမှာ ဦးနှောက်ရောရှိရဲ့လား  " Xiao Zhan ရှက်ရှက်နဲ့ ကြုံးအော်တော့ Yibo က တခစ်ခစ်ရယ်ပြီး ပြောလာသည်။

" Zhan ge ကလဲ ဒါမျိုးက လေ့လာထားရမယ်လေ ။ Position တွေ အစုံရှိတယ်​တဲ့။ ကျွန်တော်ရှာတွေ့သလောက် မတ်တပ်ရပ်အနေအထားဆိုတာ တော်တော်ခက်တယ်ဆိုပဲ။ Zhan ge စမ်းကြည့်ကျမလား "

" ချီးပဲ ! မင်းကိုယ်မင်း ပြန်စမ်းပါလား "

" အာယား Zhan ge ကလဲ
ကိုယ့်ကိုယ်ကို ပြန်လုပ်တဲ့သူ
ရှိလို့လား "

SHUT UP !! SYSTEM !! Where stories live. Discover now