SUS Part 26

16.1K 2K 65
                                    

Zawgyi

" Wang စံအိမ်တော် " ဆိုသည့် ဆိုင်းဘုတ်ကြီးက Xiao Zhan ရှေ့တည့်တည့်တွင် ရှိနေပြီး ခြံအပြင်မှ ခမ်းနားလှသည့် စံအိမ်တော်ကြီးနှင့် ခြံဝင်းအကျယ်ကြီးကို မြင်နေရသည်။
G မြို့ ကိုသူဘယ်လို ရောက်လာသလဲ ဆိုတာ တွေဝေနေတုန်း ခြံထဲက အော်ဟစ်နေတဲ့ အသံတွေကြားရတာကြောင့် လှမ်းကြည့်လိုက်တော့ ၉ နှစ် ၁၀ နှစ်ရွယ် ကလေး ၃ ယောက် ယုန်ဖြူလေးများနှင့် ဆော့ကစားနေသည်ကို တွေ့လိုက်ရသည်။ Xiao Zhan ရှေ့သို့ လှမ်းရင်း ကလေးတွေကို ခြံတံခါးဖွင့်ခိုင်းမည်ဟု ကြံရွယ်လိုက်သော်လည်း မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် အံ့သြမှင်သက်စွာရပ်ကြည့်နေမိသည်။ အဘယ်ကြောင့်ဆိုသော် ထိုကလေး ၃ ယောက်အား သူကောင်းစွာသိသည်မို့။

" ဒီက ယုန်လေးတွေ မင်းနဲ့တူတယ်။
ဒီနေ့ကစပြီး မင်းကို ယုန်လေးလို့ ခေါ်မယ် "

" မခေါ်နဲ့ ! မကြိုက်ဘူး ! ငါ့နာမည်က
Zhan Zhan !! "

" မဟုတ်ဘူး။ မင်းနာမည်က ယုန်လေးပဲ"

Xiao Zhan သူ့ရှေ့မှာ ယုန်လေးတွေ ကိုယ်စီပိုက်ထွေးရင်း စကားများနေကျတဲ့
Yibo ပေါက်စလေးနဲ့ Zhan Zhan ပေါက်စလေးကို ကြည့်ပြီး ပြုံးလိုက်မိသည်။

Zhan Zhan က ဆူပုတ်ကာ Yibo ပေါက်စလေးကို စူးစိုက်ကြည့်နေပြီး Hao Xuan ကတော့ ရန်ပွဲကို ဝင်မပါဘဲ ဘေးနားကနေသာ လက်ပိုက်ကြည့်နေလေသည်။ Wang Yibo ကတော့ ဘယ်အရွယ်ပဲ ဖြစ်နေပါစေ Wang Yibo ပဲဖြစ်သည်။ စတိုင်ဘောင်းဘီအဖြူလေးပေါ်မှာ အပြာနုရောင် ဂျက်ကက်လေးနှင့် နက်ကတိုင်သေးသေးလေးတောင် ဝတ်ထားလိုက်သေးသည်။ မျက်နှာထားကလဲ အေးစက်မှုန်ကုတ်နေလိုက်တာ
တကယ့်ကို သခင်လေး သေးသေးပင်ဖြစ်သည်။

ဖောင်းကားနေတဲ့ ပါးနှစ်ဖက်နဲ့ အိ​န္ဒေရြှင် ဝမ်သခင်လေးကို ကြည့်ပြီး Xiao Zhan အသဲယားလွန်းလို့ လှမ်းဆွဲဖို့ လက်လှမ်းလိုက်တော့ သူ့လက်တွေက Yibo ပေါက်စလေးကို ကိုယ်ကို ဖြတ်ပြီး ဝင်သွားတာမို့ အံ့သြစွာနဲ့ သူ့လက်သူပြန်ကြည့်တုန်း သူ့ရှေ့က မြင်ကွင်းက ပြောင်းလဲသွားပြန်သည်။

ဒီတစ်ခါတော့ နေဝင်ရီတရောအချိန်ဖြစ်ပြီး Zhan Zhan လေးက ငိုယိုပြီး
တောထဲတွင်ပြေးလွှားနေသည်မို့
Xiao Zhan ကြောင်ကြည့်နေတုန်း
Yibo ပေါက်စလေးက လျင်မြန်သောအရှိန်နဲ့ သူ့ရှေ့ဖြတ်သန်းသွားပြီး Zhan Zhan နောက်ပြေးလိုက်သွားသည်ကို မြင်လိုက်ရသည်။ Xiao Zhan အလျင်အမြန်နောက်က ပြေးလိုက်ဖို့
ကြံရွယ်လိုက်တုန်းရှိသေး Zhan Zhan က ချောက်အစွန်းနားမှာ ပြုတ်ကျတော့မည့် အနေအထား တွေ့လိုက်ရတာကြောင့်
သူ့လန့်ဖြန့်ပြီး အော်ဟစ်သတိပေးဖို့ ကြိုးစားလိုက်ပေမယ့်လည်း လည်ချောင်းထဲက အသံက ထွက်မလာပေ။

SHUT UP !! SYSTEM !! Where stories live. Discover now