Unicode
🚨🚨🚨🚨
Xiao Zhan ဆီက ခွင့်ပြုချက်ရသည်နှင့်တစ်ပြိုင်နက်
လျှပ်တစ်ပြက်အချိန်အတွင်းမှာပင် Xiao Zhan
ကိုယ်လေးက Yibo အောက်သို့ ပြန်ရောက်သွားတော့သည်။
Yibo က သူ့ကို ငုံ့မိုးကြည့်ကာ အပြုံးနုနုလေးနဲ့
ဆိုလာသည်။
" Zhan ge.. အခုကစပြီး ကျွန်တော့်အလှည့်ပဲနော်။ သေချာ ခံစားကြည့်။ "
ထုံးစံအတိုင်း အထွန့်တက်ဖို့ ကြံရွယ်လိုက်ပေမယ့်
တရစပ်ပြေးဝင်လာတဲ့ ကြမ်းတမ်းပြင်းပြလွန်းတဲ့
အနမ်းမိုးတွေအောက်မှာ စကားပြောဖို့ နေနေသာသာ
Xiao Zhan တစ်ယောက် အသက်တောင် ရှူဖို့
အနိုင်နိုင်ရယ်။
သောက်ကလေး နမ်းတဲ့နေရာမှာတော့ မာစတာဘွဲ့တောင်
ပေးရမလိုဘဲ။
နားရွက်ထိပ်ဖျားလေးတွေက စပြီး တောက်လျှောက်
နမ်းလာရင်း လည်ပင်းနှင့် ရင်ဘတ်တစ်လျှောက်
မူပိုင်ခွင့် အမှတ်ရဲရဲလေးတွေပါ
ထင်ချန်ရစ်စေခဲ့ကာ ချက်ကလေးနားရောက်တော့
Yibo ရဲ့ တခစ်ခစ်ရယ်သံကို ကြားရတာကြောင့်
Xiao Zhan လှမ်းကြည့်လိုက်တော့ သူရှက်လွန်းလို့ System ကို ခေါ်ကာ နောက်ဘဝကိုသာ
ချက်ချင်းလက်ငင်း ခုန်ကူးပစ်လိုက်ချင်စိတ်ပေါက်သွားသည်။
Xiao Zhan က အသားက ဖြူလွန်းတဲ့ Wang Yibo နဲ့ ယှဉ်လိုက်ရင် ညိုသည့်ဘက်ရောက်သည့်အပြင်
အမွှေးအမျှင်ကလဲ ပေါများသူမို့ Yibo က သူရဲ့
ချက်နားထိရှိနေတဲ့ အမွှေးလေးတွေကိုမြင်ပြီး
ရယ်နေခြင်းဖြစ်သည်မို့
ဘေးနားကတွေ့တဲ့ ခေါင်းအုံးနဲ့ ဆွဲဖုံးပစ်ဖို့
ကြံရွယ်လိုက်ပေမယ့် Yibo ရယ်ပြီးတားလာသည်။
" မလုပ်ပါနဲ့ Zhan ge။ ဘာလို့လဲ ချစ်စရာကောင်းပါတယ်။ ကျွန်တော်တို့ ဒါလေးတွေ ဘယ်နားမှာ ဆုံးသွားလဲ
ဆိုတာ ဆက်ပြီးကြည့်ရအောင်လေ "
" ဘာကြည့်မှာလဲ! မကြည့်နဲ့ !! "
Yibo ကို သူလုပ်ချင်တိုင်း လုပ်နေတုန်းက
အကောင်း။ သူ့အလှည့်ကျတော့ ဘယ်ကရောက်လာမှန်းမသိတဲ့ ရှက်စိတ်တွေကြောင့် ခန္ဓာကိုယ် အပူချိန်က
ဆောင့်တက်လာပြီး ပုစွန်တောင်ကင်လို့ ရလောက်သည်။
YOU ARE READING
SHUT UP !! SYSTEM !!
ФанфикшнXiao Zhan Xiao Zhan ဆိုတာ X နိုင်ငံရဲ့ အောင်မြင်ကျော်ကြားတဲ့ သရုပ်ဆောင်တစ်ယောက် ဖြစ်တယ် သရုပ်ဆောင်ပိုင်းမှာ တစ်ဖက်ကမ်းခတ်အောင် ကျွမ်းကျင်ပိုင်နိုင်တဲ့ ဝါရင့် အနုပညာရှင် တစ်ယောက်ဖြစ်ပြီး ငယ်ရွယ်မှု ချောမောမှုတွေနဲ့ အသက်ရွယ်နဲ့မလိုက်အောင် ရရှိခဲ့တဲ...
