Unicode
Xiao Zhan ခန္ဓာကိုယ်တစ်ခုလုံး မွေ့ယာပေါ်သို့
အရုပ်လေး တစ်ရုပ်လို ပြုတ်ကျသွားတော့သည်။တစ်လမ်းလုံး စကားတစ်ခွန်းတောင် မဟဘဲ ကြမ်းကြမ်း
တမ်းတမ်း ဆွဲခေါ်ခြင်း ခံခဲ့ရပြီး အိမ်ရောက်ရောက်ခြင်း
မှာပင် Yibo၏ အိပ်ခန်းထဲသို့ တန်းအသွင်းခံရခြင်း ဖြစ်
သည်မို့ Xiao Zhan ထိတ်လန့်နေမိတာတော့ အမှန်။Xiao Zhan အိပ်ယာပေါ်က ကုန်းထပြီး ရှင်းပြဖို့
ကြိုးစားလိုက်ပေမယ့် တကယ်တမ်းတော့ သူ
စကားတစ်ခွန်းတောင် မပြောလိုက်ရ။ ကုန်းထလာတဲ့
သူ့ကို ပြန်လည်တွန်းချပြီး အပေါ်က တက်ဖိကာ
နှုတ်ခမ်းတွေကို အတင်းအကြပ် နမ်းရှုံ့လာတဲ့
Yibo ကြောင့် Xiao Zhan ဝူးဝူးဝါးဝါးအော်ဟစ်
ရင်းသာ ရုန်းကန်နိုင်သည်။Xiao Zhan ရုန်းလေ သူ့လက်ကောက်ဝတ်ကို
ချုပ်ထားတဲ့ Yibo ရဲ့အားတွေက ပိုပြီး တင်းကြပ်
လာလေဖြစ်ပြီး နှုတ်ခမ်းသားတွေကိုပါ ကိုက်ဆွဲနေ
သည်မို့ နာလွန်းလို့ မျက်ရည်တွေက
အလိုလိုဝဲလာပြီဖြစ်သည်။" အွန်း...." Xiao Zhan စကားပြောဖို့ ကြိုးစား
လိုက်တော့ ပွင့်ဟလာတဲ့ နှုတ်ခမ်းနှစ်လွှာထဲကို
Yiboရဲ့ လျှာဖျားလေးက အခွင့်ကောင်းစောင့်နေသလို
အလိုက်သင့်တိုးဝင်လာပြီး သူ့ရဲ့ ခံတွင်းတစ်ခုလုံးကို
စိတ်ကြိုက်နယ်ချဲ့နေသည်မို့ Xiao Zhan တစ်ယောက်
ရုန်းကန်ဖို့နေနေသာသာ ဘာမှကို ထပ်လုပ်ဖို့တောင်
မကြိုးစားရဲတော့သည်မို့ ငြိမ်၍သာ တင်းခံနေလိုက်
တော့သည်။ဒေါသထွက်လွန်းလို့ Yibo တစ်ယောက် ဘာမှတောင်
မမြင်နိုင်တော့။ စိတ်ကြိုက်ဆော့ကစားပြီး အောက်ဆီဂျင်ပြတ်လုနီးနီးမှ နှုတ်ခမ်းပါးနှစ်လွှာကို လွှတ်ပေးလိုက်ပြီး Zhan ge ကို ကြည့်လိုက်တော့ စိုစွတ်ပြီး နီရဲနေတဲ့ သေသပ်လှပတဲ့ နှုတ်ခမ်းပါးလေးမှာ သွေးတောင်စို့နေပြီး မျက်ဝန်းတွေမှာ မျက်ရည်ကြည်တွေ ရစ်ဝိုင်းလို့။ တဖြတ်ဖြတ်လှုပ်ခတ်နေတဲ့ ကော့ညွှန့်နေသော မျက်တောင်အဖျားလေးတွေမှာတောင် သေချာကြည့်ရင် မျက်ရည်ဥလေးတွေ တွဲခိုနေသေးသည်။Yiboရဲ့ မျက်လုံးထဲမှာ Zhan ge က အမြဲတိုင်း လှနေပါသည်။
ဒါပေမယ့် အခု သူ့အောက်မှာ ဖိထားခြင်းခံရပြီး တစ်ကိုယ်လုံး နီရဲကာ တဆတ်ဆတ်တုန်နေတဲ့ Zhan ge ကို မြင်ရတာ အရင်ကထက် ပိုပြီးလှနေသလို။

YOU ARE READING
SHUT UP !! SYSTEM !!
FanfictionXiao Zhan Xiao Zhan ဆိုတာ X နိုင်ငံရဲ့ အောင်မြင်ကျော်ကြားတဲ့ သရုပ်ဆောင်တစ်ယောက် ဖြစ်တယ် သရုပ်ဆောင်ပိုင်းမှာ တစ်ဖက်ကမ်းခတ်အောင် ကျွမ်းကျင်ပိုင်နိုင်တဲ့ ဝါရင့် အနုပညာရှင် တစ်ယောက်ဖြစ်ပြီး ငယ်ရွယ်မှု ချောမောမှုတွေနဲ့ အသက်ရွယ်နဲ့မလိုက်အောင် ရရှိခဲ့တဲ...