Zawgyi
Xiao Zhan ဆီက လက်ခံကြောင်း ပြလိုက်သည်နှင့်တပြိုင်နက် Wang Yibo ရဲ့ ငြင်သာလှပါသည်၊ ချစ်တတ်လှပါသည်ဆိုတော့ မျက်နှာဖုံးကြီးက ကွာကျလာလေပြီဖြစ်သည်။
Xiao Zhan ကိုယ်လေးကို စွေ့ကနဲ ပွချေီ့ကာ အိစက်ညက်ညောတဲ့ ဖဲမွေ့ယာပေါ်ကို အသာချပေးပြီး ဝတ်ထားတဲ့ အဝတ်တွေကို တစ်လွှာခြင်း Slow Motion နဲ့ သူ့ရှေ့မှာ ချွတ်ပြနေတဲ့ Yibo ကို Xiao Zhan ပြူးတူးကြောင်တောင်နဲ့ ကြည့်နေမိသည်။
" ဘာလုပ်နေတာလဲ ? အခုမှ မနက် ၉ နာရီပဲရှိသေးတယ်လေ။ မင်းက ဘာလုပ်ဖို့ တွေးနေတာလဲ "
ဒါပထမဆုံးအကြိမ်မဟုတ်ပေမယ့်လဲ မနက်ပိုင်းကြီးတော့ တစ်ခါမှ အတူမနေဘူး။ အလင်းရောင်အပြည့်ရှိတဲ့ မနက်ဘက်ကြီးဖြစ်နေတဲ့ အပြင် Hotel လိုနေရာမျိုးကြီးမှာ ဒီလိုကြီးက .... မသင့်တော်ဘူး မဟုတ်ဘူးလား။
Xiao Zhan ကသာ တောင်တွေး မြောက်တွေးနဲ့ တွေးနေတုန်းရှိသေး Yibo က သူ့ရဲ့ နောက်ဆုံးကျန်တဲ့ Branded အဝတ်ပိုင်းလေးကို ချွတ်ချလိုက်ပြီး သူ့ကို ပြီတီတီနဲ့ ပြုံးပြနေတာကြောင့် Xiao Zhan စိတ်လေသွားမိသည်။
" အရှက်မဲ့တယ်။ ဘယ်လိုတောင် အရှက်မဲ့တာလဲ မင်းက Wei Wu Xian ထက်တောင် အဆ ၁၀၀ လောက်အရှက်မဲ့သေးတယ် !! "
မျက်နှာကြီးနီရဲကာ လက်ညိုးတထိုးထိုးနဲ့
စွတ်အော်နေတဲ့ Zhan ge ကို ကြည့်ပြီး
Yibo ဟန်ပါပါ ထပ်ပြုံးလိုက်ပြီးနောက်
ကုတင်ပေါ် တဖြည်းဖြည်းတက်လိုက်သည်။" Zhan ge.... Ge ထွက်ပြေးသွားတာကို ကျွန်တော် ဘယ်လိုအပြစ်ပေးရင်ကောင်းမလဲ "
Yibo ရဲ့ အေးစက်နေတဲ့ အသံက Xiao Zhan အကြောအချဉ်တွေ အကုန်ဆိုင်းသွားသလိုပင်။
" ဘာ..... ဘာကို အပြစ်ပေးမှာလဲ။
မင်းပဲပြောတော့ ခွင့်လွှတ်တယ်ဆို !! "" လိမ်တာလေ ... "
"......."
ဆွံ့အနေတဲ့ Xiao Zhan ကို လျှာသပ်ပြပြီးနောက်တဖြည်းဖြည်းခြင်းစီ Yibo က ကိုယ်ပေါ်ကို တက်လာပြီး ထိုင်ချလိုက်သည်။ ဘယ်လိုပဲ ခရီးအဆုံးထိ ရင်းနှီးဖူးတယ်ပြောပြော ဘာအဝတ်မှ မပါဘဲ သူ့ကိုယ်ပေါ်မှာ တက်ထိုင်နေတာတော့ နည်းနည်းလွန်တယ် မဟုတ်ဘူးလား။ ပြီးတော့ မနက်ခင်းကြီးလေ။
YOU ARE READING
SHUT UP !! SYSTEM !!
FanfictionXiao Zhan Xiao Zhan ဆိုတာ X နိုင်ငံရဲ့ အောင်မြင်ကျော်ကြားတဲ့ သရုပ်ဆောင်တစ်ယောက် ဖြစ်တယ် သရုပ်ဆောင်ပိုင်းမှာ တစ်ဖက်ကမ်းခတ်အောင် ကျွမ်းကျင်ပိုင်နိုင်တဲ့ ဝါရင့် အနုပညာရှင် တစ်ယောက်ဖြစ်ပြီး ငယ်ရွယ်မှု ချောမောမှုတွေနဲ့ အသက်ရွယ်နဲ့မလိုက်အောင် ရရှိခဲ့တဲ...