SUS Part 20

18.5K 2.3K 146
                                        

Unicode

Xiao Zhan အမြဲတမ်း စိတ်ကူးယဉ်ခဲ့ဖူးပါသည်။ တနေ့နေ့မှာ ချစ်သူတစ်ယောက်ကောက်ရခဲ့သည်ရှိသော်
သူ့ချစ်သူဖြစ်မယ့်သူက ကျိန်းသေ သူ့ကို နံပါတ်တစ်
နေရာမှာထားနိုင်သည့် ချစ်သူမျိုးလိုချင်ခဲ့သည်။

ကံမကောင်း အကြောင်းမလှ၍ အသေစောခဲ့ခြင်းကြောင့်
ရည်စားဟူသည် မူးလို့ရှူစရာပင် မရှိလိုက်။

သို့သော် ကံတရားက မျက်နှာသာပေးခြင်းကြောင့်
ပြန်လည်ရှင်သန်ရချိန်မှာ အပိုဆောင်းအနေနဲ့
ကျောက်စိမ်းတုံးလေးလို ကြည်လင်သန့်ရှင်းတဲ့
ချစ်သူတစ်ယောက်ပါ အပိုဆောင်းရလိုက်သည်မို့
သူ့သဘောအတိုင်းသာနေရမယ်ဆိုလျှင် နေ့ရက်တိုင်းကို
ချစ်သူနဲ့ အတူတူ ရိုးရှင်းစွာဖြတ်သန်းချင်သည်။

နောက်ကျမှ အိပ်ယာထတတ်တဲ့ သူ့ကို Yibo က
မနက်စာ အဆင်သင့်ပြင်ပေးပြီး စောင့်နေမယ်။
Yibo ကအလုပ်သွားရင် သူက အိမ်မှာပဲ
ရုပ်ရှင်ကြည့်လိုက် ဂိမ်းဆော့လိုက်နဲ့ စောင့်မယ်။
Yibo အလုပ်က မောပန်းပြီးပြန်လာရင် အနမ်းလေးနဲ့
ကြိုမယ်။ ညစာတူတူစားရင်း ဒီနေ့တစ်နေ့လုံး ဘာတွေ
လုပ်ခဲ့တယ်ဆိုတာ ပြန်ပြောပြရင်း တူတူရယ်မောကျမယ်။ Yibo အလုပ်လုပ်နေရင် မအိပ်သေးဘဲ ဘေးကနေ
ငြိမ်ငြိမ်လေး အဖော်လုပ်ပေးရင်း စောင့်နေပေးမယ်။
ဘယ်လောက်ပဲ နောက်ကျ နောက်ကျ အတူတူ
အိပ်ယာဝင်မယ်။

အရင်ဘဝတုန်းက ဘယ်လောက်ပဲ အောင်မြင်မှုတွေ
ရရှိနေပါစေ ရိုက်ကွင်းသွားလိုက် အိမ်ပြန်လိုက်နဲ့
ဘဝရဲ့ အချိန်တော်တော်များများကို အလုပ်အတွက်သာ
ပေးဆပ်ခဲ့သည်မို့ သူ့ဘဝရဲ့ ကွက်လပ်လေးကို မဖြည့်နိုင်ခဲ့။ နေ့ရက်တွေကို အကျိူးမရှိစွာနဲ့ ဖြတ်သန်းခဲ့ပြီးပြီးမို့ ယခုဘဝမှာတော့ ကျိန်းသေ Yibo နဲ့ အတူတူ နေ့ရက်တိုင်းကို ရိုးရှင်းစွာနဲ့ ဖြတ်ကျော်ချင်တယ်။
ဘာအပူအပင်မှ မရှိဘဲနဲ့ပေါ့။

" Zhan Ge .... ဘာတွေ တွေးနေတာလဲ။ စားလေ Ge ပဲ ဗိုက်ဆာတယ်ဆိုပြီး။ "

ဟိုဟိုဒီဒီ တွေးနေရင်း Yibo အသံကြားမှ Xiao Zhan သတိပြန်ဝင်လာသည်မို့ ပြန်လည်ပြုံးပြရင်း စားလက်စကို
ဆက်ပြီး စားဖို့ ပြင်လိုက်သည်။

SHUT UP !! SYSTEM !! Where stories live. Discover now