အပိုင်း ၅

22.3K 2.1K 27
                                        

(Zawgyi)

- နှစ်လ ကြာပြီးနောက် -

" လာ...လာ ... ငါတို့ အဖွဲ့ရဲ့ အောင်မြင်မှုအတွက် တစ်ခွက်လောက် သောက်ကြရအောင် "

ညဦးမှောင်စပျိုးချိန် ဆိုင်ငယ်လေးတစ်ခု အတွင်း ရီပေါ် တို့ အဖွဲ့ အောင်ပွဲခံနေကြသည် ။ သူဌေးမိန်းမ အမှု အပါအဝင် မုဒိမ်းမှု နှင့် လွန်ခဲ့သော လအနည်းငယ်က လိုက်နေသော ကွင်းဆက်လူသတ်မှု တရားခံကိုပါ ဖမ်းမိသဖြင့် တစ်ဖွဲ့လုံး ချီးကျူးခံရသည့် အပြင် ဆုကြေးငွေပါ ရသည်မို့ ။ အဖွဲ့မှူးသည် အလွန်ပျော်မြူးကာ တစ်ခွက်ပြီး တစ်ခွက် သောက်နေတော့သည် ။

" အငယ်လေးနှစ်ယောက်လည်း ထပ်ထည့်ဦး
ယောကျာ်းဆိုတာ သောက်နိုင်ရတယ် "

အရက်ဝင်သွား၍ အာရွှင်နေသော အဖွဲ့မှူးသည် အလုပ်ဝင်ခါစ ကလေးနှစ်ယောက်၏ အမူးလွန်ကာ မှောက်လှဲတော့မည့် အခြေအနေကို သတိမပြုမိဘဲ ဇွတ်တိုက်နေသည် ။

" ကျွန်တော် သောက်လိုက်မယ် အဖွဲ့မှူး
သူတို့ကြည့်ရတာ တော်တော်မူးနေပြီ "

အဖွဲ့မှူးလက်ထဲမှ အရက်ခွက်ကို ဆွဲယူကာ ရီပေါ် တစ်ကျိုက်တည်း မော့ချမိသည် ။ အရက်ကောင်းကောင်းသောက်နိုင်သူဖြစ်သဖြင့် ရီပေါ် ခုထက်ထိ ရုပ်ပျက်ဆင်းပျက်မမူးသေး ။ ရီဝေဝေဖြစ်ရုံသာ ။ ဘေးနားက ကျိုးချန် ကတော့ ပါးတွေနားတွေ ရဲ ကာ အာလေးလျှာလေးဖြစ်နေပြီ ။

နောက်ဆုံးတွင်တော့ ရီပေါ် အကုန်လုံးကို လိုက်ထိန်းကာ ဖုန်းဆက်ခေါ်သင့်သူကို ဆက်ပြီး ဝိုင်းရှင်းရတော့သည် ။ အိမ်သို့ပြန်လာသော ရီပေါ် ခြေလှမ်းတွေသည် အနည်းငယ် ဒယိမ်းဒယိုင် ဖြစ်ကာနေသည် ။ လမ်းထိပ်စတိုးဆိုင်က အမူးပြေဆေး ဝယ်ကာ သူ့တိုက်ခန်းရှိရာသို့ လျှောက်လာစဉ် တိုက်ခန်းတံခါးရှေ့တွင် လျော့ရဲရဲဖြင့် မှီထိုင်နေသော သူကို တွေ့ရသည် ။

ဘယ်သူကြီးလဲ ။

စင်္ကြံလမ်း မီးမှိန်မှိန်အောက်တွင် ထိုလူမျက်နှာကို ကြည့်မိတော့ ရီပေါ် သောက်ထားသမျှ အမူးတွေ ပြေကုန်သည် ။

" ရှောင်ကျန့် ? "

ရီပေါ် မှတ်ဥာဏ်ထဲတွင် မေ့ပျောက်လုနီးဖြစ်နေသော ယုန်သူငယ်သည် ဗိုက်နားရှိ သွေးစွန်းသော အဝတ်ကို တင်းတင်းဆုတ်ကိုင်လျက် ဗလုံးဗထွေး ညည်းနေသည်လေ ။

Like You [ Completed ]Donde viven las historias. Descúbrelo ahora