(Zawgyi)
" ကိုယ် မင်းကို သဘောကျလို့ "
*ပလောက်*
ပါးစပ်ထဲ ရောက်တော့မည့် ဇွန်းသည် ဆန်ပြုတ်ခွက်ထဲသို့ ပြန်ကျသွားသည် ။ ရီပေါ် ဒီလိုအဖြေမျိုးကြားရမည်ဟု မမျှော်လင့်ခဲ့ ။ သူ ပြောနေကျ ဖြစ်သော ဘုဂလန့်မေးခွန်းမျိုးသည် ဒီလိုအခြေအနေကြီးဆီ ဦးတည်သွားမည်ဟု လုံးဝ မထင်ခဲ့ပါ ။ ရှက်စိတ်ကြောင့် သူ နားတွေ ရဲတက်လာသည် ။
" တော်ပြီ စားလို့ ဝပြီ "
ဆန်ပြုတ်ပန်းကန်ကို မြန်မြန်သိမ်းကာ အခန်းထဲမှ ကတုန်ကရင်နှင့် ထွက်လာမိသည် ။ ရှောင်ကျန့် က သူ့ကို ဘာမှမပြော ပြုံးပြီးသာ စိုက်ကြည့်နေသည် ။ သူ့ အကြည့်ခံရတိုင်း ရိုလာကိုစတာ စီးနေရသလို ရင်တလှပ်လှပ် နှင့် ဗိုက်ထဲ လိပ်ပြာတွေ ဖလပ်ဖလပ် ပျံနေသော ခံစားချက်ကြီးကို ရီပေါ် မကြိုက် ။
အေးစက်နေသော လက်နှစ်ဖက်ကို ဘောင်းဘီအိတ်ကပ်ထဲ ထည့်ထားရင်း ရင်ထဲက အပူကို မောင်းထုတ်ရန် ရေခဲရေဘူးကို လိုက်ရှာရသည် ။
မဖြစ်ဘူး ။ ရှောင်ကျန့် သက်သာသွားရင် သူ့အိမ်က အမြန် မောင်းထုတ်မှ ။ သူနှင့် အတူနေရရင် ရင်တုန်လွန်း၍ သေသွားနိုင်သည် ။ ရီပေါ် ခေါင်းတခါခါဖြင့် ရေခဲရေကိုသာ မော့သောက်မိသည် ။
" ဝမ်ရီပေါ် !! "
အိပ်ခန်းဆီက ထွက်လာသော အသံကျယ်ကျယ်ကြောင့် ရီပေါ် ရေသီးမလို ဖြစ်သွားရသည် ။
ချီးလိုပဲ ။ ငါတော့ လန့်ပြီး သေတော့မှာပဲ ။
" ဘာလဲ ဘာဖြစ်လို့လဲ "
တံခါးဝနားတွင်ရပ်ကာ အခန်းတွင်းသို့ မဝင်ဘဲ ရီပေါ် အော်ပြောမိသည် ။
" လာစမ်းပါကွာ...ကိုက်စားမှာလည်း မဟုတ်ဘဲနဲ့ "
ရယ်သံစွက်နေသော ရှောင်ကျန့် စကားကြောင့် ရီပေါ် စိတ်ထဲ တင်းသွားသည် ။ ပြောပုံက ငါကပဲ သူ့ကို ကြောက်နေသလို ။
" ကိုယ့်ကို တွဲ "
" ဘာလို့လဲ "
ကုတင်ဘေးနားတွင် ကြောက်ကြောက်လန့်လန့် ရပ်နေပုံရသော ရီပေါ် လက်ကို ရှောင်ကျန့် ဆွဲကိုင်လိုက်သည် ။
YOU ARE READING
Like You [ Completed ]
Fanfiction***Zawgyi and Unicode*** (Zawgyi) ယုန်လေးတစ်ကောင်က သင့်ဘဝထဲ ဝင်လာ အချစ်တွေ သိမ်းပိုက်ပြီး ကော့တော့ကော့တော့နဲ့ သူ ဘာမှ မလုပ်ခဲ့သလို ပြန်ထွက်သွားမယ်ဆိုရင် သင် ဘာလုပ်မှာလဲ ? ယုန်လေးကို လိုက်ဖမ်းမှာလား ? သတိတော့ ထားနော် ... အခန့်မသင့်ရင် ယုန်လေး စားတာ...