(Zawgyi)
ရီပေါ် လူသွားလမ်းအတိုင်း ရှောင်ကျန့် လက်ကိုဆွဲရင်း ခုန်ဆွခုန်ဆွ လျှောက်နေပြီး ဘယ်ဘက်နှလုံးသားရှိရာဘက်ဆီ နေရာယူထားသော ရင်ထိုးလေးကို အရိပ်တကြည့်ကြည့်နှင့်။
" တအား သဘောကျနေတာပဲ "
" အင်း အရမ်း အရမ်း သဘောကျတယ် "
ရှောင်ကျန့် စိတ်လွတ်ကိုယ်လွတ် ရယ်မောမိသည်။ ဘေးချင်းကပ်လျှောက်နေသည့် ရီပေါ်အပြုံးတွေကလည်း အသက်ဝင်စွာဖြင့် ။ အတူရှိနေရသည့် အချိန်တွေကို ရပ်တန့်ပစ်ချင်လောက်သည့်အထိ ရှောင်ကျန့် ရောဂါက ကျွမ်းနေပြီ ဖြစ်သည်။
" Hey..hey..you two are so handsome "
မျက်ဝန်းပြာပြာနှင့် ငါးနှစ်သားကလေးမသည် ခပ်တည်တည်ဖြင့် ရှောင်ကျန့် ဘောင်းဘီစကို ဆွဲကာ မျက်လုံးလေး ပေကလပ် ပေကလပ်ဖြင့် ပြောသည်။
" especially you..Mr "
ရှေ့သွားသေးသေးနှစ်ချောင်းကို ပေါ်အောင် အားရပါးရပြုံးရင်း ရှောင်ကျန့်ကို လက်ညှိုးထိုးပြောသည်။ ရှောင်ကျန့် ပြုံးရင်း ချီးကျူးစကား ပြန်ဆိုမိသည်။
" oh ! you too.. you're so pretty like a princess "
" huh ..really ? "
" I'm sorry .. he is mine "
ရှောင်ကျန့်ကို ဖက်တွယ်ထားသော လက်သေးသေးတွေကို ဖြုတ်ချရင်း မီးဟုန်းဟုန်းတောက်နေသော မျက်ဝန်းများနှင့် ကြည့်လာသော ရီပေါ် ကြောင့် ကလေးမလေးက လန့်သွားရှာသည်။
" ရီပေါ် ကလေးကို ဘာတွေသွားပြောနေတာလဲ "
" ခင်ဗျား ငြိမ်ငြိမ်နေပါ "
ရှောင်ကျန့်ကို အရေးမစိုက်ဘဲ ကလေးမလေးဘက် လှည့်ပြီး ရီပေါ် ဆက် ရန်တွေ့သည်။
" So..Go back to your mom
Understand ? "" Mommyyy "
ကလေးမလေးက အသံပြဲနှင့် အော်ငိုတော့သည်။
" sweetie ... come here "
ကလေးပျောက်လို့ လိုက်ရှာနေသည့် အမေက ကလေးမလေးကို ထွေးပွေ့ရင်း သူတို့ နှစ်ယောက်ဆီကို သင်္ကာမကင်း လှမ်းကြည့်လာသည်။ ရီပေါ်က စောင်ပေပေ ပြန်ကြည့်ပြီး ရှောင်ကျန့်ကို လက်ဆွဲခေါ်လာသော်လည်း ရှောင်ကျန့်က အားနာသည့်ပုံစံဖြင့် ခါးညွှတ်တောင်းပန်လိုက်သေးသည်။
YOU ARE READING
Like You [ Completed ]
Fanfiction***Zawgyi and Unicode*** (Zawgyi) ယုန်လေးတစ်ကောင်က သင့်ဘဝထဲ ဝင်လာ အချစ်တွေ သိမ်းပိုက်ပြီး ကော့တော့ကော့တော့နဲ့ သူ ဘာမှ မလုပ်ခဲ့သလို ပြန်ထွက်သွားမယ်ဆိုရင် သင် ဘာလုပ်မှာလဲ ? ယုန်လေးကို လိုက်ဖမ်းမှာလား ? သတိတော့ ထားနော် ... အခန့်မသင့်ရင် ယုန်လေး စားတာ...