အပိုင်း ၁၀

18.1K 1.7K 29
                                        

(Zawgyi)

ရှောင်ကျန့် ငယ်ငယ်လေးကတည်းက ဘဝကြီးက နေရတာ အဓိပ္ပါယ်မရှိဘူးဟု ထင်မိသည် ။ ကျက်နေသော စာတွေရော မျက်စိရှေ့မှာ မြင်နေရသော မျက်နှာဖြူကောင်တွေရော အကုန်လုံးက စိတ်ကုန်စရာတွေပင် ။ အဖေ့နောက်ခံကြောင့် အနိုင်ကျင့်မခံရသော်လည်း လူမျိုးခြားတွေအလယ်မှာတော့ တရုတ်လူမျိုးဖြစ်သည့် သူက အာရုံစိုက်စရာဖြစ်နေခဲ့သည် ။

နောက်ကွယ်ရာတွင် အသားဝါကောင် ၊ စကားမပြောတတ်ဘူးလား ၊ အနေတာဖြစ်မယ် စသည့် လှောင်ပြောင်ခြင်းတွေ ကြားနေခဲ့သော်လည်း ရှောင်ကျန့် သူတို့ကို အပြစ်မတင်ခဲ့ ။ ဆိတ်ဆိတ်သာ နေခဲ့သည် ။ အလယ်တန်းနှစ်တွင်တော့ သူတက်သည့် ကျောင်းကို တရုတ်မှ ကျောင်းသားသစ်တစ်ယောက် ရောက်လာခဲ့သည် ။ ရယ်လိုက်ရင် မျက်လုံးကို မမြင်ရသည့်အထိ မှိတ်သွားတတ်သော ထိုတရုတ်လေးကို ရှောင်ကျန့် ခင်တွယ်ကာ သွားအတူ စားအတူ ဖြစ်ခဲ့သည် ။

သိတတ်စအရွယ်မရောက်ခင်က အမေဆုံးသွားခဲ့ပြီး အဖေရဲ့ ဂရုစိုက်မှုတွေကို မရခဲ့သည့် ရှောင်ကျန့်အတွက်တော့ တရုတ်လေးသည် အဖိုးတန်သူငယ်ချင်း ဖြစ်ခဲ့သည် ။ ကျောင်းပြီးချိန်တွင်လည်း သူနှင့်အတူ FBI ထဲ ဝင်ခွင့်ရရန် ကြိုးစားခဲ့သည် ။

သေချာပေါက် FBI Agent ဖြစ်ခွင့်ရဖို့က မလွယ် ။ ကောလိပ်တွင် ဒီဂရီဘွဲ့ရယူပြီး စာမေးပွဲတွေ အကြိမ်ကြိမ်ဖြေခဲ့ရကာ လေ့ကျင့်ရေးစခန်း ဝင်ခဲ့ရသည် ။ ခက်ခက်ခဲခဲကြိုးစားပြီး အလုပ်ဝင်ခွင့်ရခဲ့ချိန်မှာတော့ ရှောင်ကျန့်နှင့် တရုတ်လေးသည် တွဲဖက်အနေနှင့် အမှုတွေ ဖြေရှင်းခဲ့သည် ။

သို့သော် ကံဆိုးမိုးမှောင်ကျသည့်တစ်နေ့တွင် တရုတ်လေးသည် နာမည်ကြီးလူဆိုးဂိုဏ်းရဲ့ အဖွဲ့သားတွေ လက်ချက်ဖြင့် လူရုပ်မပေါ်အောင် ရိုက်နှက်ခံရပြီး သွေးထွက်လွန်ကာ သေသွားခဲ့သည် ။ ထိုအချိန်က ရှောင်ကျန့် တခြားအမှုကို လိုက်နေရသဖြင့် အချိန်မှီရောက်မလာနိုင်ခဲ့ ။ ဒဏ်ရာဒဏ်ချက်အပြည့်ဖြင့် သူ့အလောင်းကို ရင်ခွဲရုံတွင် မျက်နှာသေဖြင့် စိုက်ကြည့်နေမိခဲ့သည် ။

အမေရိကန်အစိုးရပင်မနိုင်သော လူဆိုးဂိုဏ်းဖြစ်သောကြောင့် ရှောင်ကျန့်ကို ဝင်မပါရန် သတိပေးခံခဲ့ရသည် ။ သူ ဂရုတော့ မစိုက်ဖြစ်ခဲ့ပါလေ ။ ရှောင်ကျန့် သူတို့အားလုံးကို လိုက်သတ်ခဲ့သည်မို့ ။ သွေးသံရဲရဲအလောင်းတွေကြား အကျယ်ကြီး လှောင်ရယ်နေသော သူ့ပုံရိပ်က စိတ္တဇဆန်ခဲ့သည် ။

Like You [ Completed ]Dove le storie prendono vita. Scoprilo ora