(Zawgyi)
တစ်ခန်းလုံး အဖြူရောင် ဆေးသုတ်ထားသော ဆေးရုံ လူနာခန်းထဲတွင် ရီပေါ် နိုးလာသည် ။ အသံစူးစူးများဖြင့် နားအူနေလျက် လက်ဖျံတွင် အလက်ဂျစ် ပုံစံ နီနီကွက်များ ပေါ်နေသည် ။
" အိပ်ဆေးကြောင့် ဖြစ်သွားတာ
ပူမနေနဲ့ တစ်ရက်လောက်နားရင် ပျောက်သွားမှာ "ကျိုးချန် က အစီရင်ခံစာကို လက်တော့ပ် ဖြင့် ရေးနေရင်း သူ့ ဘက်ကို လှည့်ပြောသည် ။
" ဟို မိန်းမရော "
" ငါတို့ ဖမ်းထားပြီ
မိန်းမတွေ သဝန်တိုရင် ကြောက်ဖို့ကောင်းချက်ပဲ "" ယောက်ျားက ဖောက်ပြန်နေတာလား "
" ဟုတ်တယ် သူဌေးမိန်းမ နိုင်ငံခြားက ပြန်လာတော့ ကောင်မလေးက အဆက်အသွယ် ဖြတ်ဖို့ ကြိုးစားပုံပဲ "
" ကြိုးစားလည်း သေတာပဲကို "
ရီပေါ် ဘေးနားရှိ ရေငွေ့ထုတ်စက်ကို လှမ်းကြည့်ရင်း ပြောလိုက်သည် ။ နောက်တစ်ပတ် သတင်းစာတွင် ပါလာမည့် ခေါင်းစဉ်ကတော့ မိန်းမက ယောက်ျားနှင့် ဖောက်ပြန်သည့် အမျိုးသမီးငယ်ကို သဝန်တိုစိတ်နှင့် အကွက်ကျကျ သတ်ပစ်ခြင်းပေါ့ ။
ဆိုက်ကိုဖြစ်နေသော မိန်းမတစ်ယောက်ကြောင့် လူနှစ်ယောက်အပြင် သူပါ သေတော့မလို့ ။
အင်း ...တရားခံကိုပဲ အပြစ်တင်လို့တော့ မရ ။ပညာတော်သင်မသွားခင် ချစ်လွန်းသဖြင့် လက်ထပ်ထားသော ယောက်ျားက သူ့အား သစ္စာဖောက်သည် ။ အချစ်ကို ကမ္ဘာထင်သော မိန်းမငယ် အတွက်ကတော့ ထိုဖြစ်ရပ်သည် အိပ်မက်ဆိုးပမာ လက်ခံနိုင်ရန် ခဲယဉ်းလှသဖြင့် စိတ်ဖောက်ပြန်သွားကာ လူသတ်မိလိုက်သည် ။
ဒရာမာ ဆန်လွန်းတဲ့ လောကကြီးပဲ ။
ရီပေါ် သမ်းဝေကာ အပျင်းကြောဆန့်လိုက်သည် ။ ဘာပဲဖြစ်ဖြစ် တရားခံ သူဌေးမိန်းမကို မိသွားသောကြောင့် သူ အားလပ်ရက် ရမည်မှာ သေချာသည် ။
" ဒါနဲ့ ရှောင်ကျန့် ရော "
" ဟို အစ်ကိုလား သူ သွားပြီ "
" ဘယ်ကိုလဲ "
" ငါ ဘယ်လိုလုပ်သိမှာလဲ "
ရီပေါ် သိချင်သည်မှာ ကား စတီယာတိုင်နှင့် လက်ထိပ် တွဲခတ်ထားသော ကားထဲမှ ရှောင်ကျန့် ဘယ်လိုများ ထွက်လာသလဲ ။ ယုန်သူငယ်လေးသည် သံသယဖြစ်ဖွယ် ကောင်းသော်လည်း သူ့လုပ်ရပ်တွေက ဘယ်သူ့ကိုမှ မထိခိုက် ။
![](https://img.wattpad.com/cover/197780130-288-k847630.jpg)
ESTÁS LEYENDO
Like You [ Completed ]
Fanfic***Zawgyi and Unicode*** (Zawgyi) ယုန်လေးတစ်ကောင်က သင့်ဘဝထဲ ဝင်လာ အချစ်တွေ သိမ်းပိုက်ပြီး ကော့တော့ကော့တော့နဲ့ သူ ဘာမှ မလုပ်ခဲ့သလို ပြန်ထွက်သွားမယ်ဆိုရင် သင် ဘာလုပ်မှာလဲ ? ယုန်လေးကို လိုက်ဖမ်းမှာလား ? သတိတော့ ထားနော် ... အခန့်မသင့်ရင် ယုန်လေး စားတာ...