(Zawgyi)
*Beep Beep*
" ဟဲလို.."
ရီပေါ် အိပ်ချင်မူးတူးနှင့် ဖုန်းကောက်ကိုင်လိုက်သည်။
" ဝမ်ရီပေါ် ..ငါ မင်းကို ဒီနေ့ ရဲမှူးလာမှာမို့လို့ စောစောလာဖို့ ပြောထားတယ်လေ "
တစ်ဖက် ဖုန်းလိုင်းမှ ထွက်ပေါ်လာသော အသံကျယ်ကျယ် ။ ရီပေါ် မျက်လုံးပြူးကာ အိပ်ချင်စိတ်များ ကြက်ပျောက်ငှက်ပျောက် ဖြစ်ကုန်သည် ။
မနေ့ညက စိတ်ရူးပေါက်ပြီး ထလုပ်သော အဖြစ်ကြောင့် ရီပေါ် တော်တော်နှင့် အိပ်မပျော်ခဲ့ ။ နှိုးစက်သံကြားလိုက်သော်လည်း ထပိတ်ပြီး ထပ် အိပ်ပျော်သွားတာ ဖြစ်မည် ။
" လာပြီ စီနီယာ ခဏလေးပဲ စောင့် "
ဖုန်းမြန်မြန်ချကာ ရေချိုးခန်းထဲ ပြေးဝင်ရသည် ။ ငါးမိနစ်လောက် ဝုန်းဒိုင်းကြဲပြီးနောက် အခန်းပြင်သို့ ထွက်လာကာ မီးဖိုခန်းရှိ ရှောင်ကျန့် ကို ဂရုမထားနိုင်ဘဲ အမြန်သာ ရှူးဖိနပ်ကို စွပ်သည် ။
" မနက်စာ မစားတော့ဘူးလား "
" အင်း .."
တစ်ယောက်တည်း ကမ္ဘာပျက်နေသော ရီပေါ် အနားကို ရှောင်ကျန့် ရောက်သွားကာ ပါးကို ဆွဲဖျစ်လိုက်သည်။
" လာ မနှောင့်ယှက်နဲ့ ကျွန်တော် နောက်ကျနေပြီ "
အိပ်ချင်စိတ်သန်းနေသော မျက်ဝန်းတို့ဖြင့် ရီပေါ် သည် နှုတ်ခမ်းထော်ကာ စူပုတ်ပုတ်ဖြင့်ပြောသည်။
" ရော့ ဒါလေးတော့ စားသွား "
ရှောင်ကျန့် ခွံ့ကျွေးလာသော အသားညှပ်ပေါင်မုန့်ကို ပါးစပ်ဖြင့် ကိုက်ပြီး ပွယောင်းယောင်း ဆံပင်ကို ပုံကျအောင် ရီပေါ် လက်ဖြင့် ဖိသည် ။
" ဒီနေ့ည အကင် လုပ်စားရအောင်
စောစော ပြန်လာခဲ့ "
တံခါးကို အဆင့်သင့် ဖွင့်ပေးသော ရှောင်ကျန့် ကို ရီပေါ် ခေါင်းငြိမ့်ပြပြီး ထွက်မည်ပြင်စဉ် ခါးကို အသာဖမ်းဆွဲသော လက်တစ်စုံ ။
" Morning Kiss ပေးဖို့ အတွေး မရှိဘူးလား "
ညစ်ကျယ်ကျယ်အပြုံးဖြင့် မျက်စိတစ်ဖက်မှိတ်ပြသော ရှောင်ကျန့် ကို ရီပေါ် အထိတ်တလန့်ဖြင့် တွန်းထုတ်မိသည် ။
ВЫ ЧИТАЕТЕ
Like You [ Completed ]
Фанфикшн***Zawgyi and Unicode*** (Zawgyi) ယုန်လေးတစ်ကောင်က သင့်ဘဝထဲ ဝင်လာ အချစ်တွေ သိမ်းပိုက်ပြီး ကော့တော့ကော့တော့နဲ့ သူ ဘာမှ မလုပ်ခဲ့သလို ပြန်ထွက်သွားမယ်ဆိုရင် သင် ဘာလုပ်မှာလဲ ? ယုန်လေးကို လိုက်ဖမ်းမှာလား ? သတိတော့ ထားနော် ... အခန့်မသင့်ရင် ယုန်လေး စားတာ...
![Like You [ Completed ]](https://img.wattpad.com/cover/197780130-64-k847630.jpg)