(Unicode)
" ကျိရန် သတိရလာပြီလား "
နားထဲကို စူးဝင်လာသည့် အသံနှင့်အတူ ကျိရန် လေးပင်နေသော မျက်ခွံတို့ကို ဖြည်းဖြည်းချင်း ဖွင့်လိုက်သည်။ ပုံရိပ်ယောင်တို့ဖြင့် ပြည့်နှက်နေသည့် အိမ်မက်အရှည်ကြီးကနေ နိုးထလာခဲ့ရသလို နားထင်ကြောတို့က အခုထက်ထိ ထိုးကိုက်နေဆဲ။
" အစ်ကို ရှောင်းကျန့် .. ? ရီပေါ် ..? "
" အင်း.."
ကျိရန် စိတ်ထဲတွင် မသေချာမရေရာမှုများနှင့် ပြည့်နှက်နေသည်။ မှတ်ဉာဏ်ထဲတွင် အစ်ကို ရှောင်ကျန့် ၊ ရီပေါ် ၊ သေနတ်သံများ ၊ ပွဲစားတွေ ပုံရိပ်က အစီအရီပြန်ပေါ်လာသည်။ နောက်ဆုံးသတိရမိတာက ဟောက်ရွှမ်း..။
" ဟောက်ရွှမ်းရော.."
ရှောင်ကျန့် မျက်နှာ တစ်ချက်ပျက်သွားသည်။ စိတ်မနည်းထိန်းနေရသည့်ပုံစံဖြင့် အံကြိတ်ကာ ခပ်တိုးတိုးဆိုသည်။
" ငါတို့ ထွက်သွားတော့မှာ..
ထပ်တွေ့စရာ မလိုတော့ဘူး.. "ကျိရန် တိတ်ဆိတ်သွားသည်။ အိပ်ရာခင်းအစကို လက်ဖြင့်လုံးချေရင်း နှုတ်ခမ်းတို့ကို တင်းတင်းစေ့လိုက်သည်။
" ဘာတွေ ဖြစ်သွားတာလဲ..
အစ်ကိုနဲ့ ရီပေါ်ကလည်း ဘာလို့ အတူရှိနေတာလဲ "ရီပေါ်နှင့် ရှောင်ကျန့်က တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာဖြင့် အိုးတိုးအမ်းတမ်းဖြစ်နေသည်။ မနေနိုင်သော ယွီဘင်းကပင် ကြားဝင်ပါပြီး အကြမ်းဖျင်း ရှင်းပြလိုက်ရသည်။ ကျိရန်က တွေတွေငေးငေးဖြင့် ကိစ္စတွေကို လိုက်မှီအောင် မနည်းစဥ်းစားနေရသည့်ပမာ။
" ကျွန်တော် ဟောက်ရွှမ်းကို တွေ့ မှဖြစ်မယ် "
" မရဘူး "
" အစ်ကို.."
" မင်း သူ့ကို သဘောကျသွားတာလား "
ကျိရန် ခေါင်းငုံ့သွားသည်။ ရှောင်ကျန့်ပါးစပ်က အဆဲစကားတစ်ချက် ထွက်သွားသည်။
" သူက မင်းကို အပျော်သဘော ကစားနေတာ.."
" မဟုတ်ဘူး..ကျွန်တော် သိတယ်..
ကျွန်တော် ပြန်မသွားရင် သူ တစ်ခုခု ဖြစ်လိမ့်မယ် "
![](https://img.wattpad.com/cover/197780130-288-k847630.jpg)
YOU ARE READING
Like You [ Completed ]
Fanfiction***Zawgyi and Unicode*** (Zawgyi) ယုန်လေးတစ်ကောင်က သင့်ဘဝထဲ ဝင်လာ အချစ်တွေ သိမ်းပိုက်ပြီး ကော့တော့ကော့တော့နဲ့ သူ ဘာမှ မလုပ်ခဲ့သလို ပြန်ထွက်သွားမယ်ဆိုရင် သင် ဘာလုပ်မှာလဲ ? ယုန်လေးကို လိုက်ဖမ်းမှာလား ? သတိတော့ ထားနော် ... အခန့်မသင့်ရင် ယုန်လေး စားတာ...