အပိုင်း ၁၂

15.4K 1.5K 41
                                    

(Zawgyi)

မနက်ခင်းရဲ့ နေခြည်နုနုလေးက ရီပေါ်နှာခေါင်းလုံးလုံးလေးဆီ ကျရောက်နေသည် ။ ပခုံးသားလေးတွေ မြင်နေရသည့်အထိ လျောကျနေသောစောင်ကို အေးလို့ထင်သည် ပြန်ဆွဲယူပြီး ခြုံတော့ ခြေသလုံးဖွေးဖွေးလေးတွေက ပေါ်လာပြန်သည် ။

" အဝတ်တွေ ချွတ်အိပ်ပြန်ပြီ "

ရှောင်ကျန့် ကုတင်ဘေးနားမှာ ပုံကျနေသည့် ရီပေါ် အဝတ်အစားတွေကို ခြင်းထဲကို ပစ်ထည့်မိသည် ။ စတိုခန်းထဲမှာပဲ သွားအိပ်နေရသည့် ရှောင်ကျန့်အတွက်ကတော့ ဒီလိုမြင်ကွင်းမျိုးက အသားကျနေပြီ ဖြစ်သည် ။ စောင်ပုံထဲ ကွေးဝင်နေသော အကောင်ပေါက်လေးက နေ့တိုင်းကြည့်လည်း ငြီးငွေ့သွားမယ် မထင် ။ တစ်ရက်ပြီး တစ်ရက် လောဘ တွေသာ တိုးလာရသည် ။

" ကိုယ် မင်းနဲ့ ခဏ ခွဲရမယ် ထင်တယ် "

ရီပေါ်ကတော့ မကြား ။ တစ်ချက်လူးလွန့်ရင်း စောင်က ပေါင်အထိ ရောက်သွားသည်မို့ မျက်နှာလွှဲကာ အတင်းလိုက်ဆွဲချပေးရပြန်သည် ။

ရှောင်ကျန့် ဘဝတစ်လျှောက် သူနှင့် သက်ဆိုင်သူတွေကို ဒဏ်ရာပဲပေးမိခဲ့သည် ။ သို့သော် ရီပေါ်ကိုတော့ ခြွင်းချက် ။ ဘယ်သူမှ လာမထိနိုင်အောင် ကာကွယ်ပေးချင်သည် ။

ဘေကျင်းမြို့ကို ပြန်ရောက်လာပြီး အရာအားလုံးပုံမှန် ပြန်ဖြစ်ခဲ့ချိန် သူ အစိုးရအဖွဲ့ရဲ့ လျှို့ဝှက်သူလျှို လုပ်ကာ လူဆိုးအယောင်ဆောင်ခဲ့သည် ။ ဂိုဏ်းတစ်ဂိုဏ်းကို ဖော်ထုတ်ရင်း သူ့ သရုပ်မှန်ကို သိသွားကြပြီး ကျိရန် ဖမ်းခေါ်ခံလိုက်ရသည် ။ ကျိရန်က ရှောင်ကျန့်အားနည်းချက်ဖြစ်သွားပြီး အစိုးရဖက်က သတင်းတွေ ပြန်ယူရန် အခိုင်းခံရခဲ့သည်လေ ။

နောက်ဆုံး ရလဒ်ကတော့ သူ့ကို အစိုးရသစ္စာဖောက်လို့ သတ်မှတ်လိုက်ကြသည် ။ ကျိရန်လည်း သေမှန်းရှင်မှန်းမသိ အစလုံးလုံးပျောက်သွားခဲ့သည် ။ တစ်ယောက်တည်းကျန်ခဲ့သော ဒေါ်လေးလည်း Heart attack ဖြစ်ပြီး ကိုမာဝင်သွားသည့်အထိ ။

ရှောင်ကျန့် ရူးမတတ်ဖြစ်ခဲ့သည် ။ အရာအားလုံးကို ဆုံးရှုံးသွားသလို ။ ကိုယ့်ကိုယ်ကိုေ-ာက်သုံးမကျသူအဖြစ် ထင်မှတ်ပြီး ဘဝကို အရှုံးပေးလိုက်ချင်သည်မှာလည်း ခဏခဏ ။ အရက်တွေပဲဖိသောက်ကာ ဇာတ်မြုပ်နေခဲ့သည်လေ ။ သို့ပေမဲ့ ရီပေါ်က သူ့ဘဝထဲကို ဒုတိယအကြိမ်ပေါ်လာခဲ့သည် ။ ရဲလုပ်ရန် ကြိုးစားနေသော ၊ ကိုမာဝင်နေသည့် ဒေါ်လေးကို ခဏခဏလာတွေ့သော ရီပေါ်ကို ကံအကြောင်းတိုက်ဆိုင်စွာ ထပ်တွေ့ခဲ့သည် ။

Like You [ Completed ]Hikayelerin yaşadığı yer. Şimdi keşfedin