အပိုင်း ၃

24.3K 2.2K 38
                                        

(Zawgyi)

" အေး ရီပေါ် ပြော "

ချက်ချင်း ဖုန်းကိုင်ကာ ဖြေသော ဟွိုင်ခွမ်း ကြောင့် သူ ကျေနပ်သွားသည် ။

" ဟို ကောင်မလေး အမှု အကြောင်း "

" အင်း အခုပဲ ကျိုးချန် ငါ့ဆီက သွေးစစ်ချက် လာယူနေတာ ... မင်း မလာလည်း ရတယ် "

" အလောင်းတွေ ပတ်လည်ဝိုင်းနေတဲ့ နေရာကိုလည်း မလာချင်ပါဘူး "

ရီပေါ် ဆိုသည်မှာ အမြဲ ဘုကလန့် ။ မလာလည်း ကောင်းတာပေါ့ ။ ဆေးရည် အနံ့တွေ နံတယ်ဆိုပြီး ရှုံ့မဲ့နေတဲ့ မင်းမျက်နှာကြီး မကြည့်ရတော့ဘူး ။ ငါလည်း စိတ်ချမ်းသာပါတယ်နော် ။ ရင်တွင်းစကားတွေကို ပြန်သိမ်းပြီး မချိပြုံး ပြုံးကာ ဟွိုင်ခွမ်း စကားပြန်ဆက်ရသည် ။

" သွေးထဲမှာ အိပ်ဆေး ပမာဏ အများကြီးတွေ့တယ် .... ဆရာဝန် ထောက်ခံစာပါမှ ဝယ်လို့ရတဲ့ဆေး...ငါစုံစမ်းပြီးပြီ ကောင်မလေးက ဘယ်ဆရာဝန်ဆီကိုမှ သွားဖူးတာ မဟုတ်ဘူး "

" အင်း ဆက်ပြော "

" သူ အဓိက သေရတာက သွေးထွက်လွန်တာကြောင့်ပဲ
ဒါပေမဲ့ မသေခင် သောက်ထားတဲ့ အရက် နဲ့ အဲ့ အိပ်ဆေးနဲ့ တွေ့ရင် အဆိပ်ပုံစံမျိုး ဖြစ်တတ်တယ် "

" အာနိသင်တွေက မူးတာ အမြင်အာရုံ ဝေဝါးတာ ဗိုက်အောင့်တာ အန်တာတွေပေါ့ကွာ "

" ငါ ထင်တာတော့ သူ့ကို အားနည်းအောင် လုပ်ပြီး မျက်နှာကို ဓားနဲ့ မွှမ်းတယ် ထင်တာပဲ "

လူတွေများ တကယ် ခက်တာပဲ ။ သေစေချင်ရင် ချက်ကောင်းကို လုပ်ပေါ့ ။ အခုတော့ ဖြည်းဖြည်းချင်း ညှင်းသတ်နေတာပဲ ။

ရီပေါ် ဖုန်းချပြီး သက်ပြင်းတစ်ချက် ချမိသည် ။

" အစ်ကိုလေး အစ်ကိုလေး ရေ !!! "

ဘုရား....ဟို အရူးကောင်က ဘယ်လိုတွေ အော်နေတာလဲ ။

ရဲအလုပ်သင်လေး လာပေးသော ကိုယ်ရေးမှတ်တမ်း ကို ယူကာ အသံပြဲကြီးနဲ့ အော်နေသော ရှောင်ကျန့် ဆီ မပြေးရုံတစ်မယ် လျှောက်ရသည် ။

" ရှောင်ကျန့် ခင်ဗျား အသက်က ၂၈ နှစ် အိုနေပြီ
ကျွန်တော့်ကို အစ်ကိုလေး လို့ လာခေါ်မနေနဲ့ "

Like You [ Completed ]Donde viven las historias. Descúbrelo ahora