(Zawgyi)
အိမ်ပြန်လမ်းသည် စိတ်ရှုပ်ထွေးမှုများဖြင့် ။ ရီပေါ် ကားစတီယာတိုင်ကို လက်ဖြင့်တင်းတင်းဆုပ်ထားမိသည် ။ အမှန်တရားတစ်ခု ပေါ်ပေါက်လာသည်မှာ သူ့အတွက် ကောင်းသည်လား ဆိုးသည်လား မဝေခွဲတတ် ။ သို့ပေမဲ့ သူမပျော်ပါ ။ ဒါကိုတော့ ရီပေါ် သေချာသိသည် ။မျက်ဝန်းထောင့်စွန်းမှာ ဝေ့ဝဲနေသည့် မျက်ရည်စများက သက်သေခံနေသည်လေ ။
ကားဟွန်းကို ဆက်တိုက်တီးကာ အလျင်စလိုကျော်တက်မှုကြောင့် နောက်က အဆဲသံတွေကလည်း ကျွတ်ကျွတ်ညံနေသည် ။ ဂရုမစိုက်နိုင်ပါ ။ သူ့အတွက် အရေးကြီးသည်က ရှောင်ကျန့်နှင့် တွေ့ဖို့ ။ တွေ့ပြီး မေးရမည် ။ ရင်ထဲသိမ်းထားခဲ့သည့် မေးခွန်းများက အပြည့်ဖြစ်နေခဲ့သည် ။
တိုက်ခန်းထဲကို ဝင်လာတော့ ရှောင်ကျန့်က ဖုန်းပြောနေသည် ။ သူ့ကိုမြင်တော့ တအံ့တဩဖြင့် ဖုန်းချပစ်ပြီး ပြုံးပြသည် ။
" ကလေး ဘာဖြစ်လို့လဲ "
" ဘာလို့ ကျွန်တော့်ကို မပြောပြခဲ့တာလဲ "
ရှောင်ကျန့်မျက်နှာသည် ချက်ချင်းတည်သွားသည် ။ ဘာပြောမှန်း မသိချင်ယောင်ဆောင်နေသော်လည်း ကြမ်းပြင်ကို ငုံ့ကြည့်ရင်း ဖြေရမည့်စကားတွေကို အသည်းအသန် စာစီနေရသည့်ဟန်ဖြင့် ။
" ဒီနှစ်တွေ ဘာလို့များ ပျောက်နေခဲ့ပါလိမ့်လို့ "
" ....."
" ကျွန်တော် လိုက်ရှာနေခဲ့တာ သိလား ရှောင်ကျန့် ။ ကျိရန်အစ်ကိုဆိုရင်တော့ ကျိရန်ကို ကယ်ပေးနိုင်မှာပဲ ။ သူ ခြေရာခံလိုက်နိုင်မှာပဲလို့ တွေးခဲ့တာ ။ ဒါပေမဲ့ အခုတော့ မူးယစ်ဂိုဏ်းကတဲ့လား "
" ကိုယ်..."
" ကျွန်တော့်ကို ခင်ဗျားသိနေတယ်မလား
ဒါနဲ့များ ဘာလို့ မပြောခဲ့တာလဲ...ဘာလဲ..လက်စားချေချင်လို့လား...ခင်ဗျားလည်း ကျွန်တော့်အပြစ်လို့ပဲ ထင်တာလား "
အတန်းသားများ သူ့ကိုဝိုင်းကြည့်ကြသည့် အကြည့်များကို ရီပေါ် သတိပြန်ရလာသည် ။ သနားစိတ်များဖြင့် အနားကွပ်ထားသည့် အပြစ်တင်နေသည့် မျက်ဝန်းများရယ် ။ သူတို့လိုပဲ ရှောင်ကျန့်လည်း အဲ့လိုကြည့်နေတာပဲလား ။
ВЫ ЧИТАЕТЕ
Like You [ Completed ]
Фанфикшн***Zawgyi and Unicode*** (Zawgyi) ယုန်လေးတစ်ကောင်က သင့်ဘဝထဲ ဝင်လာ အချစ်တွေ သိမ်းပိုက်ပြီး ကော့တော့ကော့တော့နဲ့ သူ ဘာမှ မလုပ်ခဲ့သလို ပြန်ထွက်သွားမယ်ဆိုရင် သင် ဘာလုပ်မှာလဲ ? ယုန်လေးကို လိုက်ဖမ်းမှာလား ? သတိတော့ ထားနော် ... အခန့်မသင့်ရင် ယုန်လေး စားတာ...
![Like You [ Completed ]](https://img.wattpad.com/cover/197780130-64-k847630.jpg)