(Zawgyi)
လေယာဉ်ထိုင်ခုံပေါ်မှာ ထိုင်နေသည့် ရီပေါ်က ပေါင်ကို ထုရိုက်နေသည်ကြောင့် ရှောင်ကျန့်က စာအုပ်ဖတ်နေရာမှ ရီပေါ်ဆီ လှည့်ကြည့်လာသည်။
" ညောင်းနေတာလား .. ကိုယ်နှိပ်ပေးမယ် "
ကိုင်ထားသည့် စာအုပ်ကို ဘေးခုံက အိပ်ပျော်နေသည့် ယွီဘင်းပေါ် တင်ပြီး ရီပေါ် ခြေထောက်ကို သူ့ပေါင်ပေါ်ဆွဲတင်ကာ ခြေသလုံးတို့ကို ဂရုတစိုက် နှိပ်ပေးသည်။ရီပေါ်က အရမ်းသက်တောင့်သက်သာရှိနေသည့်ပုံဖြင့် ရှောင်ကျန့် နားရွက်တွေကို လိုက်ကိုင်နေသည်။ ဖြတ်လျှောက်သွားသော လေယာဉ်မယ်လေးက သူတို့နှစ်ယောက်ကို လှမ်းကြည့်ပြီး ပြုံးသွားသည်။
" ကျိရန် အဆင်ပြေပါ့မလား "
" ကိုယ် မသိဘူး "
" ကြောက်နေတာလား "
" အင်း ကျိရန်က အဲ့လိုဘဝမျိုးကို သည်းခံနိုင်ပါ့မလား..သူတစ်ခုခု ဖြစ်သွားရင် ကိုယ် တစ်သက်လုံး နောင်တရနေမှာ "
" ဆက်မတွေးနဲ့တော့ ဒီကိုလာ ကျွန်တော်ဖက်ထားပေးမယ် "
ရီပေါ် ရင်ဘတ်ကို တဗုန်းဗုန်း ပုတ်ပြရင်း ရှောင်ကျန့်ကို ရင်ခွင်ထဲဆွဲသွင်းသည်။ ရှောင်ကျန့်လည်း သူလုပ်နေကျအတိုင်း ရီပေါ် လည်ပင်းနေရာကို မျက်နှာအပ်မိသည်။ မပြောင်းလဲသည့် ရီပေါ်ကိုယ်သင်းရနံ့က လှိုင်းပိုးထနေသည့် သူ့စိတ်ကို အတော်တည်ငြိမ်သွားစေသည်။
" ကောင်းလိုက်တာ "
ရှောင်ကျန့် ခေါင်းကို လှုပ်ရမ်းတော့ ရီပေါ်က လည်ပင်းယားသည်ကြောင့် ထရယ်သည်။
" အားပြန်ပြည့်သွားရင် တော်တော့..
ကျန့်ကော နှာခေါင်းကြီးက လိုက်ထိနေတာ အသည်းယားတယ် "" မပြည့်သေးဘူး..နောက် ၂ နာရီလောက် ဖက်ထားမှ ရမယ်ထင်တယ် "
" ဟာ..."
ရီပေါ် ခေါင်းငုံ့ပြီး ရှောင်ကျန့် ဘယ်ဘက်ပါးရှိ မထင်မရှားမှဲ့လေးကို နမ်းသည်။ ရှောင်ကျန့်က မျက်စိစုံမှိတ်ပြီး နှုတ်ခမ်းကို လက်ညိုးဖြင့်ထိုးပြသည်။
" ဒီနေရာလည်း နမ်း "
" မင်းတို့တွေ လေယာဉ်ပေါ်မှာဆိုတာ သတိထားမိကြရဲ့လား "
VOCÊ ESTÁ LENDO
Like You [ Completed ]
Fanfic***Zawgyi and Unicode*** (Zawgyi) ယုန်လေးတစ်ကောင်က သင့်ဘဝထဲ ဝင်လာ အချစ်တွေ သိမ်းပိုက်ပြီး ကော့တော့ကော့တော့နဲ့ သူ ဘာမှ မလုပ်ခဲ့သလို ပြန်ထွက်သွားမယ်ဆိုရင် သင် ဘာလုပ်မှာလဲ ? ယုန်လေးကို လိုက်ဖမ်းမှာလား ? သတိတော့ ထားနော် ... အခန့်မသင့်ရင် ယုန်လေး စားတာ...