FINAL

22.9K 1.5K 68
                                    

(Unicode)

ချစ်ရသူ​တွေ
ကိုယ့်အနားက ကွယ်​​ပျောက်သွားတဲ့
ခံစားချက်ကြီးက ဆိုးဆိုးရွားရွားပါပဲ...။

အထူးသဖြင့် ခိုးကြည့်ခွင့်​တောင် မရနိုင်တဲ့..
ဒီကမ္ဘာ​ပေါ်မှာ သူရှိ​နေ​ပါတယ်ဆိုပြီး
​ဖြေသိမ့်ခွင့်​တောင် မရနိုင်တဲ့ ဘဝမျိုး။

​​သေခြင်းတရားဟာ
အရက်စက်ဆုံး ခွဲခွာခြင်းတစ်ခု​ပေါ့ က​လေးရယ်..။

🌠🌠🌠🌠🌠


Accident ဖြစ်ပြီး ​​​ခြောက်လကြာတဲ့အထိ ​ရှောင်ကျန့်က ရီ​ပေါ်တိုက်ခန်းဆီ လုံးဝပြန်မလာခဲ့ဘူး..။ ဘား​တွေ ဟိုတယ်ခန်း​တွေနဲ့ပဲ ပတ်ချာလည်​နေခဲ့တာ။

အရက်​သောက်တယ်..။ မူးရူးပြီး အိပ်တယ်..။
တစ်ခါတ​လေ စိတ်လွတ်​နေသလိုပုံစံနဲ့ ပြတင်း​ပေါက် အပြင်ဘက်ကို ​ငေးကြည့်​နေတယ်။ အရင်က ဖြတ်ထားခဲ့တဲ့ စီးကရက်​တွေကိုလည်း ပြန်​သောက်​နေပြီ။

ကျိရန်လည်း ထိန်းဖို့ ကြိုးစားတာပဲ..။
ဒါ​ပေမဲ့ ​ရှောင်ကျန့်က ဘယ်လိုမှ ​ဖျောင်းဖျလို့မရဘူး..။
ယွီဘင်းတို့ကလည်း စိတ်မ​ကောင်းဖြစ်​နေကြတယ်။
သူတို့ ​ရှောင်ကျန့်ကို ဒီကိစ္စထဲ ဆွဲမထည့်သင့်ခဲ့တာ..။

တစ်​နေ့​တော့ ရီ​ပေါ်​မေ​မေက ​ရှောင်ကျန့်ဆီကိုလာပြီး အထုပ်​လေးတစ်ထုပ်​ပေးတယ်..။ ဘယ်သူဘယ်ဝါကိုမှအပြစ်တင်လိုစိတ်မရှိတဲ့ မားရဲ့ အပြုံး​တွေက ​ဖျော့​တော့​နေလိုက်တာများ..။ ​စကားတစ်ခွန်းမဆိုခဲ့တဲ့ သူတို့ရဲ့ ​တွေ့ဆုံမှုက မွန်းကြပ်​နေမှု​တွေနဲ့ ပြည့်နှက်​နေတယ်။

ရီ​ပေါ် ​မေ​မေ ပြန်သွား​တော့ ​ရှောင်ကျန့်က အိတ်​လေးထဲက ပစ္စည်း​တွေကို ထုတ်ကြည့်တယ်။ နှစ်ခုထဲပါပဲ ။ ​​ရှောင်ကျန့် လက်​ဆောင် ရင်ထိုး​လေးနဲ့ ရီပေါ်ရဲ့ Screen အစွန်းအက်​နေတဲ့ ဖုန်း​လေး။

Wallpaper မှာ တင်ထားတာ လန်ဒန်​ရောက်ချိန်က ​ရှောင်ကျန့်ရဲ့ suit အပြည့်နဲ့ပုံ။ ​ဘယ်အချိန်က ခိုးရိုက်ခဲ့တာလည်း မသိ​ပေမဲ့ ​ပုံ​လေးက ကြည့်​ကောင်းတယ်။

Like You [ Completed ]Where stories live. Discover now