(Unicode)
အဝေးပြေးလမ်းမထက်မှာ အနက်ရောင်ကားတစ်စီးက တရိပ်ရိပ် ပြေးလွှားနေသည်။ ကားထဲက ရှောင်ကျန့်က မျက်ဝန်းတွေ နီစွေးနေသော်လည်း အပြုအမူတွေက တည်ငြိမ်နေသည်။ သူ စိတ်အေးအေးထားရမည်။ တစ်ခုခုလွဲသွားလို့ မဖြစ်။ မြန်နေပြီဖြစ်သည့် အရှိန်ကို ထပ်တင်ရင်း ချိန်းထားသည့်နေရာဆီ ဦးတည်လိုက်သည်။
သူ့ကို ရီပေါ် စောင့်နေတော့မည်။
" အိုးမိုင်ဂေါ့ .. ပုံတစ်ပုံလောက်ပို့လိုက်တာနဲ့ အပြေးကို လာတော့တာပဲ ချစ်တတ်သူကြီးရယ် "
မင်ဖန်းက ရယ်ကျဲကျဲနှင့် ပစ္စတိုတစ်လက်ကို ပတ်ချာလည်လှည့်ရင်း ပြောသည်။ ရှောင်ကျန့်က ပတ်ဝန်းကျင် အခြေအနေကို အကဲခတ်နေသည်။
" အပိုတွေ မပြောနဲ့..ရီပေါ် ဘယ်မှာလဲ "
" နေဦးလေ .. အရင်အစစ်ခံရမှာပေါ့ "
ရှောင်ကျန့် ကိုယ်ကို လာချုပ်ပြီး လက်နက်ရှိမရှိ လာစစ်ကြသည်။ သူ တကယ်ကို စိတ်မရှည်တော့ဘူး။ အချိန်တွေက တစ်စက္ကန့်ကို တစ်နာရီလောက်ကြာနေသလိုပဲ။
" မင်းက ဘာလဲ.."
" ငါက ? ငါက သာပေါင်းလေ..
ခက်ခဲလွန်းတဲ့ လောကကြီးမှာ အသက်ရှင်ဖို့ အင်အားကြီးသူနဲ့ ပေါင်းရမှာပေါ့ မဟုတ်ဘူးလား.."
ရှောင်ကျန့် အောက်နှုတ်ခမ်းကို ဖိကိုက်လိုက်သည်။ လူသတ်ချင်စိတ်တွေက ကိုယ်တွင်းမှာ ဆူပွက်နေတာများ သွေးကြောတွေက တဒိန်းဒိန်းပဲ။ ဒီကောင်ကို သူ မကယ်ခဲ့လိုက်ရမှာ။
" ခေါ်လာခဲ့တော့.."
လည်ပင်းကို သံကြိုးအပတ်ခံထားရသည့် ရီပေါ်ကို မြင်မြင်ချင်း ရှောင်ကျန့် ရုန်းမိပေမဲ့ ဘေးကလူတွေ အချုပ်ခံထားရသည်ကြောင့် မလူးသာမလွန့်သာ။
" ပစ္စည်းကို ပေးလိုက်တော့ "
ရှောင်ကျန့် USB disk ကို လက်လွှဲပေးလိုက်သည်။ မင်ဖန်းက ရီပေါ်ကို လွှတ်မပေးသေး။ Laptop ထဲထည့်ပြီး သေချာအောင် စစ်ဆေးလိုက်သေးသည်။
YOU ARE READING
Like You [ Completed ]
Fanfiction***Zawgyi and Unicode*** (Zawgyi) ယုန်လေးတစ်ကောင်က သင့်ဘဝထဲ ဝင်လာ အချစ်တွေ သိမ်းပိုက်ပြီး ကော့တော့ကော့တော့နဲ့ သူ ဘာမှ မလုပ်ခဲ့သလို ပြန်ထွက်သွားမယ်ဆိုရင် သင် ဘာလုပ်မှာလဲ ? ယုန်လေးကို လိုက်ဖမ်းမှာလား ? သတိတော့ ထားနော် ... အခန့်မသင့်ရင် ယုန်လေး စားတာ...
![Like You [ Completed ]](https://img.wattpad.com/cover/197780130-64-k847630.jpg)