(Zawgyi)
လူနာကုတင်ပေါ်တွင် ရှင်းချန် လဲလျောင်းနေသည်ကို မြင်ရတာ ဟောက်ရွှမ်း ရင်တွေပူရသည်။ ရှင်းချန်ရဲ့ အေးစက်စက်လက်ကို သူ့လက်တို့ဖြင့် တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ရင်း ဘယ်နှစ်ကြိမ်မြောက်မှန်း မသိသော ဆုတောင်းတို့ကို အကြိမ်ကြိမ်ခြွေမိသည်။ ရှင်းချန် နိုးလာသင့်ပြီမဟုတ်လား ။ အိပ်နေတာလည်း အချိန်ကြာနေပြီ။ ခေါင်းကိုပတ်ထားသော ပတ်တီးဖြူလွလွတွင် အရင်လို သွေးတို့စွန်းနေခြင်းလည်း မရှိတော့ ။
သူ့အတွက် ငဲ့ညှာပြီးတော့ပဲဖြစ်ဖြစ် ရှင်းချန် သတိရလာသင့်ပြီ။
" သခင်လေးဟောက်ရွှမ်း "
တံခါးကို သုံးချက်ဆင့်ခေါက်ပြီး အထဲဝင်လာသော ဦးလေးကြီးကို ဟောက်ရွှမ်း လှည့်မကြည့်ဖြစ်။ ရှင်းချန် မျက်တောင်စင်းစင်းကိုသာ လိုက်တို့ထိနေမိသည်။ လွန်ခဲ့သည့် သုံးနှစ်ကအတိုင်း ရှင်းချန်သည် ဘာမှပြောင်းလဲသွားခြင်းမရှိ။ ကမ္ဘာပေါ်က ရှိသမျှ အလှတရားတွေ သူ့ဆီ စုပုံကျနေသည့်အတိုင်းပင်။
" သခင်လေးရှင်းချန်ကို လိုက်ပြီး ခြေရာခံနေသူတွေ ရှိတယ်လို့ သတင်းရတယ်...ကျွန်တော်တို့ ဘာလုပ်ရမလဲ "
" သတ်ပစ်လိုက် "
" ဒါပေမဲ့.."
" အကုန် သတ်ပစ်လိုက်လို့ ပြောနေတယ် မင်းမကြားဘူးလား...ရှင်းချန် ငါ့ဘဝထဲက ထွက်သွားမလိုဖြစ်နေတဲ့အချိန်မှာ တခြားသူတွေက သူ့ကို ဆွဲခေါ်သွားတာကို ငါကြည့်နေရမှာလား "
ဦးလေးကြီး ခေါင်းမော့ကြည့်မိသည်။
သခင်လေး ဒေါသထွက်နေသည်။ ပြီးခဲ့သည့်သုံးနှစ်တာကာလအတွင်း သခင်လေးစိတ်တွေ နူးညံ့နေခဲ့သည်ကို။
" ကျွန်တော် သိပါပြီ "
သူ လေးပင်စွာ လူနာခန်းထဲက ထွက်လာမိပြီး ဖုန်းကို အိတ်ကပ်ထဲမှ ထုတ်လိုက်သည်။ လက် သွေးစွန်းသည့် အလုပ်တွေ မလုပ်ခဲ့ရသည်မှာလည်း ကြာလှပေါ့ ။
🌠🌠🌠🌠🌠🌠
" မင်းပြောတော့ ခင်တယ်ဆို "
" ငါက သူ့ကို ခင်တာလေ သူက ငါ့ကို မုန်းနေတာတော့ မတတ်နိုင်ဘူး "
ESTÁS LEYENDO
Like You [ Completed ]
Fanfiction***Zawgyi and Unicode*** (Zawgyi) ယုန်လေးတစ်ကောင်က သင့်ဘဝထဲ ဝင်လာ အချစ်တွေ သိမ်းပိုက်ပြီး ကော့တော့ကော့တော့နဲ့ သူ ဘာမှ မလုပ်ခဲ့သလို ပြန်ထွက်သွားမယ်ဆိုရင် သင် ဘာလုပ်မှာလဲ ? ယုန်လေးကို လိုက်ဖမ်းမှာလား ? သတိတော့ ထားနော် ... အခန့်မသင့်ရင် ယုန်လေး စားတာ...
![Like You [ Completed ]](https://img.wattpad.com/cover/197780130-64-k847630.jpg)