(Unicode)
နေလုံးကြီးက တဖြည်းဖြည်း ထွက်လာပြီ။ ရီပေါ်က ရှောင်ကျန့် ပခုံးပေါ်မှီရင်း အိမ်မောကျနေဆဲ။ တစ်ညလုံး သူ့ဘေးနားထိုင်ပြီး တစ်တီတူးနေရတာ မောသွားပုံရသည်။ အသက်ရှူသံ တိုးတိုးလေးတောင် ထွက်လို့နေသည်။
" ကလေး .. ပြန်ကြမလား "
" အွင်း.."
ရီပေါ်က ရှောင်ကျန့် လည်တိုင်ကို ဆွဲဖက်တော့ ရှောင်ကျန့်က ရီပေါ်ကို ပွေ့ချီရင်း ကားထဲကို ပို့ပေးရသည်။ ခါးပတ် ပတ်ပေးပြီး နဖူးပေါ် အနမ်းပေးတော့ အိပ်ချင်မူးတူးနှင့် သွားတွေအကုန်ပေါ်အောင် ပြုံးပြလာသည်။ အိမ်ပြန်လမ်းတစ်လျှောက်လုံး ရီပေါ် ဆက်တိုက်ကို အိပ်သည်။ တစ်ချက်တစ်ချက် နိုးလာရင်လည်း ရှောင်ကျန့် လက်တစ်ဖက်ကိုဆွဲ ခေါင်းအုံးလိုဖက်ပြီး
သဘောတကျနှင့် အပြုံးပန်းတွေ ဝေဆာပြန်သည်။
" ဘာဖြစ်နေတာလဲ.."
" ကျန့်ကောက ဘေးနားမှာ ရှိနေတာကို
မြင်ရတာ သဘောကျလို့ "
ရှောင်ကျန့် ကြိတ်ပြုံးရသည်။ ရီပေါ်က တခြားသူတွေရှေ့မှာဆို ဘုနှင့်ဘောက်ပေမဲ့ သူ့ရှေ့မှာဆို စကားအတတ်တွေ တအားပြောသည်။
" အိပ်ချင်ရင် နောက်မှာ သွားအိပ်လေ "
" ဟင့်အင်း .. ကျန့်ကောနဲ့ ဝေးရာသွားစရာလား "
" ကိုယ်တို့ အိမ်ပဲ ပြန်မယ်နော် "
" ကောင်းတယ်...
မားအိမ်မှာဆို ကျန့်ကောနဲ့အတူမအိပ်ရဘူး "
ပြောရင်းနှင့် ရှောင်ကျန့်ဘက်ကို အသားကုန်တိုးပြီး ပခုံးကို မမှီမကန်း လာမှီသော ရီပေါ်ကို ရှောင်ကျန့် မနိုင်သလို ကြည့်ရင်း ကားကိုသာ ဂရုတစိုက် မောင်းမိသည်။
" ရောက်ပြီ အိပ်ပုတ်လေးရဲ့ ...ထတော့ "
" ချီ..ချီ ..ကျွန်တော့်ကို ထပ်ချီ "
မူကြိုကလေးလို လက်လေးရမ်းတမ်းရမ်းတမ်း လုပ်နေသည့် ရီပေါ်ကို နောက်တစ်ကြိမ်ပွေ့ရင်း ဓါတ်လှေကားဆီ ဦးတည်ရသည်။ တိုက်ခန်းစောင့်ဦးလေးကြီးက စားနေသည့် ခေါက်ဆွဲအမျှင်တန်းလန်းနှင့် မနက်စောစောစီးစီး ဒရာမာရိုက်နေသည့် သူတို့ကို ပြူးကြည့်နေသည်။
ВЫ ЧИТАЕТЕ
Like You [ Completed ]
Фанфикшн***Zawgyi and Unicode*** (Zawgyi) ယုန်လေးတစ်ကောင်က သင့်ဘဝထဲ ဝင်လာ အချစ်တွေ သိမ်းပိုက်ပြီး ကော့တော့ကော့တော့နဲ့ သူ ဘာမှ မလုပ်ခဲ့သလို ပြန်ထွက်သွားမယ်ဆိုရင် သင် ဘာလုပ်မှာလဲ ? ယုန်လေးကို လိုက်ဖမ်းမှာလား ? သတိတော့ ထားနော် ... အခန့်မသင့်ရင် ယုန်လေး စားတာ...
![Like You [ Completed ]](https://img.wattpad.com/cover/197780130-64-k847630.jpg)