(Zawgyi)
♡ မင်းတစ်ယောက်တည်းအတွက်သာ သီးသန့်ထားတဲ့ ငါ့ချစ်ခြင်းတွေ ♡
" သိပ် စိတ်ပျက်ဖို့ကောင်းတဲ့လူ "
သေနတ်ကိုင်ထားသည့် ရီပေါ် လက်တွေ မဆိုစလောက် တုန်ယင်နေသည်။ ရီပေါ် ကျောခိုင်းထားရာ ပြတင်းပေါက်မှ နေရောင်ခြည်သည် ပခုံးပေါ်ဖြာကျနေပြီး အနီရောင်အလင်းတန်းတစ်ခုက ရွေ့လျားသွားသည်။ ရှောင်ကျန့် မျက်ခုံးတွေ မြင့်တက်သွားရသည်။
" ရီပေါ် သတိထား "
သူရှိရာဆီ အတင်းပြေးလာသော ရှောင်ကျန့်ကြောင့် ရီပေါ် ထိတ်လန့်စွာ နောက်ကို ခြေတစ်လှမ်းဆုတ်မိသည်။ မလာနဲ့လေ အရူးရဲ့။ ကျွန်တော်ပစ်မိမှာကို မကြောက်ဘူးလား။
ရုတ်တရက် ရီပေါ် လက်မောင်းကို ရှပ်ထိသွားသည့် ကျည်ဆန်တစ်တောင့်။ သေနတ်ကိုင်ထားသည့်လက်ဖြစ်၍ ခလုတ်ကို မထင်ထားမိဘဲ ဖိမိသွားသည်။
*ဒိုင်း*
ရီပေါ် မျက်လုံးများပြာဝေသွားရပြီး ဒူးထောက်ထိုင်ချမိသည် ။
" ကလေး ..."
စိုးရိမ်တကြီးခေါ်သံနှင့် အနားရောက်လာသော ရှောင်ကျန့်ထိခိုက်သည့်အရိပ်အယောင်မတွေ့မှ ရီပေါ် သက်ပြင်းခိုးချရသည်။
"ခေါင်မိုးပေါ်က လူ ...ယွီဘင်း "
ယွီဘင်း ခေါင်းညိမ့်ပြကာ မြေပြင်ပေါ်ကျနေသည့်သေနတ်တစ်လက်ကို ကောက်ယူရင်း ပြေးထွက်သွားသည်။
" မသေဘူး ..လာဂရုစိုက်မနေနဲ့ "
" ဝမ်ရီပေါ် !!! "
ရှောင်ကျန့် ဒေါသဖြင့်အော်မိသည်။ ပထမဆုံးအကြိမ် ရီပေါ်ကို နာမည်အပြည့်အစုံတပ်ပြီး ခေါ်မိတာဖြစ်သည်။
" ရှင်းပြပါမယ်ဆိုလည်း နားမထောင်ဘူး
တောင်းပန်တော့လည်း လက်မခံဘူး
မင်းလုပ်ပုံတွေ ကလေးဆန်နေတာကို သိရဲ့လား "
" ဟုတ်တယ် ကျွန်တော်က ကလေး...ခင်ဗျား မျက်စိထဲမှာတော့ ခပ်တုံးတုံးအအ ပုံစံပေါက်နေခဲ့တာ မဟုတ်လား ..."
" ဝမ်ရီပေါ်...ငါပြောမယ်..ငါ့ကိုကြည့် "
အချိန်အတော်ကြာထိန်းထားခဲ့ရာမှ ထွက်ကျလာသော ရီပေါ် မျက်ရည်တွေကို လက်မဖြင့် သုတ်ပေးရင်း သူ့ ခေါင်းကို ရှောင်ကျန့်ဘက်လှည့်စေသည်။ ရီပေါ်က ရှောင်ကျန့်ပခုံးကိုပဲ အကြည့်လွှဲနေရာမှ ပင့်သက်တစ်ချက်ရှိုက်ပြီး မျက်ဝန်းချင်း တေ့ဆိုင်ကြည့်လာသည်။
YOU ARE READING
Like You [ Completed ]
Fanfiction***Zawgyi and Unicode*** (Zawgyi) ယုန်လေးတစ်ကောင်က သင့်ဘဝထဲ ဝင်လာ အချစ်တွေ သိမ်းပိုက်ပြီး ကော့တော့ကော့တော့နဲ့ သူ ဘာမှ မလုပ်ခဲ့သလို ပြန်ထွက်သွားမယ်ဆိုရင် သင် ဘာလုပ်မှာလဲ ? ယုန်လေးကို လိုက်ဖမ်းမှာလား ? သတိတော့ ထားနော် ... အခန့်မသင့်ရင် ယုန်လေး စားတာ...
![Like You [ Completed ]](https://img.wattpad.com/cover/197780130-64-k847630.jpg)