အပိုင်း ၉

18.3K 1.8K 77
                                        

(Zawgyi)

ဆွယ်တာအပြာလေးနှင့် အထက်တန်းကျောင်းသားလေးလို လန်းဆန်းတက်ကြွနေသည့် ရီပေါ် စခန်းထဲကို ဝင်လာရင်း စာရွက်စာတမ်းတွေကြား ခေါင်းငိုက်ကျနေသော ကျိုးချန် ကို တစ်ချက်ကြည့်လိုက်သည် ။

" ရီပေါ်လား..."

ကွန်ပျူတာအသံကြောင့် အိပ်မှုန်စုံဖွားနှင့် နိုးလာသော ကျိုးချန် ။ ပါးတစ်ဖက်မှာ စာရွက်ကပ်နေလျက် မျက်ကွင်းတွေ ညိုနေသည်မှာ ပန်ဒါဝက်ဝံလေး အလား ။

" ညက အိမ်မပြန်ဘူးလား "

" ငါ CCTV မှတ်တမ်းတွေ တစ်ညလုံး စစ်နေရတယ်လေ "

" ဩော် ..."

အာမေဋိတ်အသံ တစ်ချက်ပြုပြီး ငြိမ်သက်သွားသော ရီပေါ်ကို ကျိုးချန် နုတ်နုတ်စင်းပစ်ချင်လာသည် ။ မနေ့ညနေက ကြက်ကြီးလည်လိမ်သလို တမှိုင်မှိုင်ဖြစ်နေလို့ ချိန်းထားသူရှိတယ်ဆိုပြီး ထထွက်သွားတာကိုတောင် ကျိုးချန် မဆူရဲ ။ အဆင်ပြေပါ့မလားတွေးပြီး CCTV မှတ်တမ်းယူရင်း သူ့အိမ်နားကို ရောက်ခဲ့သေးသည် ။

ကျိုးချန်ကို ဆီးကြိုနေသော သွေးတက်ဖွယ်မြင်ကွင်းကတော့ ရှောင်ကျန့်ဆိုသူ အစ်ကိုကြီးနှင့် ရယ်မောပျော်ရွှင်နေပုံများ ဖြစ်သည်။

သူ့ဆံပင်ကို ထိရင် လူသတ်တော့မည်ဟန် စိုက်ကြည့်တတ်သော ရီပေါ်က ရှောင်ကျန့်နှင့်ကျတော့ မျက်စောင်းတစ်ချက်သာထိုးရင်း နှုတ်ခမ်းလေးစူ အမူအယာပိုပြနေသည်လေ ။

တကယ်ပါ ... ။
ငါ နွဲ့ဆိုး ဆိုးနေတဲ့ ချစ်စရာကြောင်လေးရီပေါ်ကိုမြင်ရတာ ဒါ ပထမဆုံးပဲ။

မသိရင်လေ သူတို့ပုံစံကြည့်ရတာ ချစ်စခင်စကြင်နာစ အတွဲကျနေတာပဲ ။ ကြက်သီးတွေတောင် ထတယ် ။

အခုကျတော့ ညလုံးပေါက်ခဲ့ရသော ကျိုးချန် မျက်ကွင်းညိုတွေကို အဖတ်မလုပ် ကျေးဇူးမတင်ဘဲ တစ်လောကလုံး သူ့ဆီက အကြွေးယူထားသည့်ပုံဖြင့် မှတ်တမ်းတွေကို ယူကြည့်နေသည် ။

ဘာတွေက ဒီလောက်များ ကွာခြားနေရတာလဲ ။

ကျိုးချန် ရင်ဘတ်ထဲ နားမလည်နိုင်သည့် မေးခွန်းတွေက အပြည့် ။

Like You [ Completed ]Where stories live. Discover now