EXTRA

24.7K 1.7K 69
                                        

(Unicode)

တိုက်ခန်းပြန်ရာလမ်းတစ်​လျှောက်မှာ ​ရှောင်ကျန့်က ရီ​​​ပေါ်ကို ကုန်းပိုးထားသည်။ ရီ​ပေါ်က ​ရှောင်ကျန့် ပခုံး​ပေါ် ​ခေါင်းမှီရင်း လှုပ်တုတ်လှုပ်တုတ် လုပ်​နေသည်။

" ငြိမ်ငြိမ်​နေ​.. ပြုတ်ကျမယ် "

" ငြိုငြင်​နေတာလား "

" အင်း ငြိုငြင်​နေတာ "

" ရပ်လိုက် ဆင်းပြီး လမ်းပဲ​လျှောက်မယ်
နှစ်နှစ်ကြာမှ ပြန်လာသူကို ဒီလို ​ပြောစရာလား "

​ရှောင်ကျန့်က ရပ်မ​ပေး။ ပိုပိန်ပါးသွားသည့် ရီ​ပေါ်ကိုယ်​လေးကို ​ကျော​ပေါ်တင်ရင်း ဖြည်းဖြည်း​ဆက်​လျှောက်သွားသည်။ ရီ​ပေါ်က ​ရှောင်ကျန့်ကို မျက်​စောင်းထိုးပြီး ပွစိပွစိ​ပြော​နေရင်း တိုး၍ဖက်လာသည်။

" ​ဘယ်​တွေ ​ရောက်​နေခဲ့တာလဲ "

" ​ဆေးရုံ "

​ရှောင်ကျန့် တိုက်ခန်းတံခါးကို ​​သော့ဖွင့်ရင်း ရီ​ပေါ်ကို လှည့်ကြည့်မိသည်။ နှုတ်ခမ်းတ​ထော်​ထော်နှင့် ​ပေါက်စီလုံး​လေးက သူ့ကို မကြည့်..​လေချွန်ရင်း ​အောက်ကြည့်လိုက် အ​ပေါ်ကြည့်လိုက် လုပ်​နေသည်။ ​ရှောင်ကျန့် ​ပေါက်စီလုံး​လေးကို ​ပွေ့ချီလိုက်သည်။

" ဘာလုပ်တာလဲ..​အောက်ချ​ပေး "

" ကိုယ့်ကို ဘာဖြစ်ခဲ့လဲ ဘယ်သူ​တွေနဲ့ ​တွေ့ခဲ့လဲ အစအဆုံး မ​ပြောမချင်း ဒီည အိပ်ရမယ် မထင်နဲ့ "

ရီ​ပေါ် ​ကျောရိုးတစ်​လျှောက် ကြက်သိမ်းဖြန်းဖြန်းထသွားပြီး တံ​တွေးမျိုချမိသည်။

" ​ပြောမယ်...​အောက်ချ​ပေး မ​နေတတ်ဘူး "

ချမယ် ချ​ပေး​တော့လည်း ကုတင်​ပေါ်ကို ဆိုက်ဆိုက်မြိုက်မြိုက် ။ ​ဘေးမှာ လှဲအိပ်ရင်း သူ့​ကို ​လက်​ထောက်ပြီး စိုက်ကြည့်​နေ​သော ​ရှောင်ကျန့်​ကြောင့် ရီ​ပေါ် အာ​ခေါင်​တွေ ​ခြောက်ကုန်သည်။

" ​ရေဆာလိုက်တာ..​​ရေသွားယူဦးမယ် "

စကားအထစ်ထစ်နှင့် ကုတင်​ပေါ်က ထသွားသည့် ရီ​ပေါ်ကို ​ရှောင်ကျန့် ပြန်ဆွဲချလိုက်သည်။

Like You [ Completed ]Opowieści tętniące życiem. Odkryj je teraz