(Zawgyi)
" ကျိရန် မင်း နေ့ခင်းက ထမင်းလည်း မစားဘူး "
" အင်း "
" မင်း ဘာလို့ အဲ့လောက် အစားနည်းတာလဲ "
" ဗိုက်ပြည့်သွားတာကို ဘယ်လိုစားရမလဲ "
အနွေးထည်ထူထူကို အဖော်ပြုထားသော ကျိရန် က နှာတံနီနီကို အသာပွတ်ရင်း ဆိုသည် ။
" လေတိုက်ရင်လဲမဲ့ ခန္ဓာကိုယ်နဲ့များ လူဆိုးတွေကို ဖမ်းချင်သေးတယ်တဲ့ "
မကြားတကြား ပြောသော ရီပေါ် စကားကြောင့် လေးထောင့်မျက်မှန်ကိုင်းအောက်မှ ကျိရန် မျက်စောင်းတစ်ချက်က ဒိုင်းခနဲ ပစ်ဝင်လာသည် ။
" ဘာပဲဖြစ်ဖြစ် ငါက မင်းထက် အရပ်ရှည်တယ် "
" အရပ်ရှည်တော့ ဘာဖြစ်လဲ ငါ့လို Six pack ရှိလားပြော "
အနားမှာ ကျောင်းသူတွေ ရှိနေတာကို ကျောင်းဝတ်စုံလှန်ပြရန် ဟန်ပြင်နေသော ရီပေါ် လက်ကို ဖျတ်ခနဲ ရိုက်မိသည် ။
" ဝမ်ရီပေါ် ! မင်း မရှက်ဘူးလား "
" ဘာလို့ရှက်ရမှာလဲ ... ငါ့ဟာလေးကို ကြည့်ရတဲ့အတွက် သူတို့ဂုဏ်ယူသင့်တာနော် "
နားရွက်ဖုံးရုံ ဆံပင်အရှည်ကို လက်ဖြင့် သပ်တင်ပြီး ကောင်မလေးတွေဆီ လူယုတ်မာပြုံး ပြုံးပြနေသော ရီပေါ် ကို စိတ်ပျက်လက်ပျက်ဖြင့် ကျိရန် ကြည့်မိသည် ။
စက်ဘီးဒေါက်ကို တင်ကာ အိမ်ကို ပြန်ရန်လုပ်တော့ အနောက်မှာ လေတချွန်ချွန်နှင့် ကပ်ပါလာသည့် ဝမ်ရီပေါ် စက်ဘီး ။
" ဘာလဲ ဘာဒုက္ခပေးမလို့လဲ "
" မင်း အိမ်ကို လိုက်ကြည့်မလို့လေ
စာလည်းလုပ်မယ် မင်း အမွှန်းတင်လွန်းတဲ့ အစ်ကိုကြီးကိုလည်း တွေ့မယ် "
" ဟင် ? ရုတ်တရက်ကြီး "
" မလိုက်လာနဲ့လို့ မပြောနဲ့
ငါ့မားမားကို ခွင့်တောင်းပြီးသား "
ဝမ်ရီပေါ် ဆိုတာကလေ အမြဲ လုပ်ချင်ရာကို ဇွတ်လုပ်တော့တာပဲ ။ ကျိရန် ဘာမှထပ်မပြောတော့ဘဲ စက်ဘီးကိုသာ စီးလာခဲ့စဉ် လမ်းကြားထဲ အရောက် ကားနက်တစ်စီးက ပိတ်ရပ်နေသည် ။
YOU ARE READING
Like You [ Completed ]
Fanfiction***Zawgyi and Unicode*** (Zawgyi) ယုန်လေးတစ်ကောင်က သင့်ဘဝထဲ ဝင်လာ အချစ်တွေ သိမ်းပိုက်ပြီး ကော့တော့ကော့တော့နဲ့ သူ ဘာမှ မလုပ်ခဲ့သလို ပြန်ထွက်သွားမယ်ဆိုရင် သင် ဘာလုပ်မှာလဲ ? ယုန်လေးကို လိုက်ဖမ်းမှာလား ? သတိတော့ ထားနော် ... အခန့်မသင့်ရင် ယုန်လေး စားတာ...
![Like You [ Completed ]](https://img.wattpad.com/cover/197780130-64-k847630.jpg)