အပိုင်း ၁၁

16.7K 1.5K 26
                                    

*May Include Mature Content*

(Zawgyi)

အိမ်ကို ပြန်ရောက်သည့် အချိန်ထိ ရီပေါ်မျက်နှာက မှုန်မှိုင်းနေသည် ။ စန့်ကျင် လက်ကို ကိုင်မိတာကြောင့် သဝန်တိုနေသည်ကို မြင်ရတာ ရှောင်ကျန့် စိတ်ထဲ ရယ်ချင်ပြီး အူလည်းယားသည် ။ ရီပေါ်က ဧည့်ခန်းရှိ ဆိုဖာပေါ် အရှိန်ဖြင့် ထိုင်ချပြီး ဘေးနားက ခေါင်းအုံးကို ယူဖက်ထားရင်းနဲ့မှ ရှောင်ကျန့်ဘက်ကို ပေစောင်းစောင်းဖြင့် တစ်ချက်လှမ်းရှိုးသည် ။

" ကိုယ့် ကလေးက သဝန်တိုနေတာလား "

" မတိုပါဘူး "

သူ့ဘေးနား ရှောင်ကျန့် ဝင်ထိုင်တော့ ဖင်တရွေ့ရွေ့နှင့် အစွန်းကို တိုးကပ်သွားသော ရီပေါ် ။ စတွေ့ချိန်က ရှောင်ကျန့်သာ ရီပေါ်နားအတင်းလိုက်ကပ်ပြီး မတွေ့ တွေ့အောင် ဖန်တီးယူကာ မျက်ခွက်လိုက်ပြောင်ခဲ့သော်လည်း အခုတော့  ကလေးဆိုးလေးကို ပြန်ချော့နေရသည့် တည်တည်ငြိမ်ငြိမ် လူကြီး အဖြစ်သို့ ရောက်ရှိသွားရှာသည် ။

" ရီပေါ်က ဒီလိုမျိုးတွေ လုပ်တတ်မှန်း ကိုယ် မသိခဲ့ဘူး "

" ဘာပြောချင်တာလဲ "

မျက်ခုံးတစ်ဖက် ပင့်ပြီး ထွက်လာသော ရေခဲရိုက် စကားသံ ။

" အမြဲ လူကြီးရုပ်ဖမ်းနေတဲ့ ကောင်လေးဆီက ကလေးဆန်ဆန်အပြုအမူတွေကို မထင်မှတ်ထားလို့ "

သူ ပြောရင်း ရီပေါ် ပါးကို ဆွဲဖျစ်တော့ လက်ကို ပုတ်ချသည် ။

" အဲ့တော့ ဘာဖြစ်လဲ ...ခင်ဗျားရှေ့မှာမို့ ကလေးဆန်တာ...ခင်ဗျား ဂရုစိုက်မှန်းသိလို့ ဆိုးတာ... ကျန်သူတွေဆို ကျွန်တော်က လှည့်တောင်မကြည့်ဘူး "

ရင်ခွင်ထဲ ပိုက်ထားသည့် ခေါင်းအုံးကိုလည်း ရှောင်ကျန့်မျက်နှာကို ပိတ်ပေါက်သည် ။

" စန့်ကျင်နဲ့ လက်ဆွဲနှုတ်ဆက်တာ တစ်ယောက်နဲ့ တစ်ယောက် အကြည့်တွေ မခွဲနိုင် မခွာနိုင်နဲ့...မေးပါရစေ...ဘယ်သူက ခင်ဗျားရည်းစားလဲ..."

ရှောင်ကျန့် ခပ်တိုးတိုးရယ်မောကာ လုပ်နေကျအတိုင်း ရီပေါ်လည်ပင်းဆီ သူ့နှာခေါင်းလေး နစ်ဝင်လိုက်သည် ။

Like You [ Completed ]Where stories live. Discover now