အပိုင်း ၂ ၂

15K 1.4K 82
                                        

(Unicode)

" မင်း​တော့ ​သေမှာပဲ ​ရှောင်ကျန့် "

လည်ပင်းကို ဖျတ်ခနဲ လာထိသည့် ဓါးသွား​ကို လက်ဗလာဖြင့် ကိုင်လိုက်ပြီး ​ဟောက်ရွှမ်း လက်​မောင်းထက်ကို ထိုးစိုက်ချလိုက်မိသည်။ မတိုးမကျယ် အော်သံနှင့်အတူ ​ဟောက်ရွှမ်း ​နောက်​ကို ယိုင်သွားပြီး နံရံကို မှီချထိုင်လိုက်သည်။ ​ရှောင်ကျန့် လည်ပင်းကို လက်ဖြင့် အုပ်ကိုင်လိုက်မိသည်။

" ကျန့်​ကော.."

သူ့ဆီ​ပြေးလာသည့် ရီ​ပေါ်က သူ့လက်​ချောင်းများကြားမှစီးကျလာသည့် ​သွေးတို့ကို ကြည့်ရင်း မျက်ဝန်းတို့က ထိတ်လန့်တကြား ဖြစ်နေသည်။

" ဘာမှ မဖြစ်ဘူး .. အ​ပေါ်ယံပဲ ထိတာ..
​​သွေး​တွေက လက်က ထွက်တာ "

ရီ​ပေါ် သူ့ကို ဖက်ပြီး ငို​တော့သည်။ ​
ကမ္ဘာကြီးပျက်​တော့မည့်အတိုင်း သူ့ကိုဆုံးရှုံးရ​တော့မည့်အတိုင်း တင်းတင်းကြပ်ကြပ်ဖက်ကာ ငိုသည်။

" ​​တော်​သေးတယ်..ပြန်လာခဲ့မိလို့.. "

" မ​သေပါဘူးဆို .. တအားငိုတာပဲ "

​ရှောင်ကျန့်က ရီ​ပေါ်ပခုံးကို ခပ်ဖွဖွ ပုတ်ရင်း ​ရှေ့က ​ဟောက်ရွှမ်းတို့ အတွဲကို ကြည့်မိသည်။

" မင်းပြန်မလာ​တော့ဘူး ထင်​နေတာ..
မင်း ငါ့ကို မုန်းသွားပြီ ထင်​နေတာ .."

" ဘာ​ကြောင့် ပြန်မလာရမှာလဲ..
​ဟောင်ရွှမ်း ငါ့ကြောင့် အရူးတစ်ပိုင်းနဲ့ လူလိုက်သတ်တာမျိုး အဖြစ်ခံနိုင်မယ် ထင်လို့လား .."

ကျိရန်ကို ကြည့်​နေသည့် ​ဟောက်ရွှမ်းမျက်ဝန်းတို့သည် နူးညံ့လျက် ချစ်ခြင်းတရားတို့ ပြည့်နှက်​နေသည်။ ကျိရန်က ​လက်​မောင်းကို စိုက်ဝင်​နေသည့် ဓါးကို ဆွဲထုတ်ပြီး ဆူ​နေသည့်ဟန် ​လေသံမာမာဖြင့် ​ပြော​နေ​သော်လည်း ​ဟောက်ရွှမ်းအပြုံးတစ်ချက်မပျက် ။ ​ရှောင်ကျန့် အချစ်ဇာတ်လမ်းတစ်ပုဒ်မှာ ဝင်​နှောင့်လိုက်ရသည့် လူဆိုးကြီးတစ်​ယောက်လိုမျိုး ခံစားလိုက်ရသည်။

" သက်သက်မဲ့ ဇာတ်ကားရိုက်လိုက်မိသလိုပဲ "

​ခေါင်းတစ်ချက်ခါ ၊ ရွဲ့ပြုံး ပြုံးရင်း ထွက်လာသည့် အသံခပ်တိုးတိုး​ကြောင့် ​ရှောင်ကျန့်ကို ရီ​ပေါ်က မျက်ရည်ဗလဗွဖြင့် ​မော့ကြည့်လာသည်။ ​ပေါက်စီလုံး​လေးကို မျက်ရည်သုတ်​ပေးပြီး ကျိရန်ဘက်လှည့်လိုက်​တော့ သူ့ကို အမှားလုပ်မိသည့်ပုံစံဖြင့် ကြည့်​နေသည်။

Like You [ Completed ]Where stories live. Discover now