အပိုင်း ၁၄

14.9K 1.4K 43
                                    

(Zawgyi)

" အဆင်ပြေရဲ့လား "

ကျိုးချန် လူနာကုတင်ပေါ်က ကလေးမကို ဦးတည်ပြီး မေးလိုက်သော်လည်း မျက်လုံးအကြည့်တွေက တံခါးကိုမှီရပ်ပြီး လက်ပိုက်ထားသော ရီပေါ်ကိုပဲ ကျရောက်နေသည်။ ဟွိုင်ခွမ်းဆီက သတင်းကြားပြီး ရီပေါ်ကို ဖုန်းအကြိမ်ကြိမ်ဆက်မိလည်း မကိုင်သောကြောင့် သူ့အိမ်ကို လိုက်သွားမိသည်။ ထမင်းစားခန်းမှာ ပြန့်ကျဲနေတဲ့ အိုးခွက်တွေနှင့် ငူငူကြီးမတ်တပ်ရပ်နေသည့် ရီပေါ်က အမည်တပ်လို့မရနိုင်သည့် ဟင်းတစ်ခွက်ကို စိုက်ကြည့်နေသည် ။ အများကြီးငိုခဲ့ရလို့ ထပ်မငိုနိုင်တော့သည့် မျက်ဝန်းတွေနှင့် ရီပေါ်က အသံတိတ် ငိုကြွေးနေခဲ့သည် ။

" ဟင်းချက်ရတာ မလွယ်လိုက်တာ
  သူ ချက်ကျွေးတဲ့ အရသာနဲ့လည်း မတူဘူး "

သူ တစ်ယောက်တည်း ရေရွတ်သလိုပုံစံမျိုးနဲ့ ကျိုးချန်ကို ကြည့်လာသည် ။ ပြီးတော့ ပြုံးလာသည် ။ သူ အဆင်မပြေဘူးဆိုတာကို မနည်းဖုံးကွယ်နေရသည့် သဘောဖြင့် ။ ကျိုးချန် သူ့ကို ရိုက်ပုတ်ပြီး စိတ်သက်သာရာရအောင် အပြင်ဆွဲခေါ်လာရသည် ။

" ရက်စက်လိုက်တာ "

ကောင်မလေးဆီက ထွက်လာသည့် စကားသံ ။ ရီပေါ်ကတော့ မတုန်မလှုပ် ပြတင်းပေါက်အပြင်ကို ငေးကြည့်နေဆဲ ။

" သမီး မင်ဖန်းကို တကယ် သဘောကျခဲ့တာကို ... ဘာကြောင့်များ ဒီလိုလုပ်ခဲ့ရတာလဲ သမီးအပေါ် ခံစားချက်လေး နည်းနည်းတောင် မရှိခဲ့ဘူးလား "

" သူပြောတော့ ချစ်တယ်တဲ့ ငါ နင့်ကို သဘောကျတယ်ဆိုပြီး "

ကျိုးချန် မင်ဖန်းဆိုသူ မုဒိန်းကောင်အတွက် ခံစားနေရသော ကောင်မလေးကို စိတ်ညစ်ညူးစွာကြည့်မိသည် ။ အဲ့ဒီ အရေးမပါတဲ့ အချစ်တွေကို ခဏ ဘေးဖယ်ထားလို့ မရဘူးလား ။ မင်းတို့အတွက် မကောင်းဘူးဆိုတာကို ဘေးလူဖြစ်တဲ့ ငါတောင် မြင်နေရတာကို ။

ရီပေါ် အခန်းထဲမှ ထွက်လာမိသည် ။ သူ စိတ်ခံစားချက်မကောင်းသည့် အချိန်မှာ ကောင်မလေး ရင်ဖွင့်နေသည်ကို နားမထောင်ချင်ပါ။ အစိမ်းသက်သက် နှလုံးသားဒဏ်ရာက အနာပင် မကျက်သေး။ ဆေးရုံအနှံ့ စိတ်ကူးတည့်ရာ လျှောက်သွားရင်း တစ်နေရာ အရောက်မှာ တန့်သွားရသည် ။ မင်ဖန်းရဲ့ ဆေးရုံအခန်းရှေ့မှာ အစောင့်တွေ မရှိတော့ ။ ကောင်မလေးနဲ့ အတူတူ ဆေးရုံတင်ခဲ့သည်ကြောင့် သူ့အခန်းက ဒီမှာ ရှိသည်ဆိုတာ သိသည် ။

Like You [ Completed ]Dove le storie prendono vita. Scoprilo ora