အပိုင်း ၂

27.4K 2.3K 55
                                        

(Zawgyi)

" မင်း ဘယ်သွားမလို့လဲ "

လူစိမ်းနောက်လိုက်ရန်ပြင်စဉ် လက်ကို လာဆွဲသော စီနီယာ ။ ရီပေါ် ဘာမှ မပြောဘဲ ထို လူစိမ်းသွားရာဘက်ကို မျက်လုံးဝေ့ကြည့်တော့ သူ့ကို မတွေ့ရတော့ ။

ဟာ ... တကယ်ပါပဲ ။

စီနီယာ လက်ကို ဆွဲဖြုတ်ပြီး အမြင်ကတ်ပုဒ်မနှင့် မျက်စောင်းထိုးမိသည် ။ ဘာမှ နားမလည်သော စီနီယာက ' ဘာလဲ ဘာဖြစ်လို့လဲ ' ဟု အဓိပ္ပါယ်ရသော မျက်ဝန်းများနှင့် လိုက်ကြည့်သည်။

ဝမ်ရီပေါ် ဂရုမစိုက်ပါ ။ ဘောက်ဆတ်ဘောက်ဆတ်နှင့်သာ ကလပ်တွင်းက ထွက်လာမိသည်။ ကျန်နေခဲ့သော ကျိုးချန် ကတော့ အူကြောင်ကြောင် ဖြစ်ကျန်ခဲ့သည်။

" ကောင်မလေးက မြို့မှာ တစ်ယောက်တည်းနေတာ
သူ့မိဘတွေက နယ်မှာ ... ရည်းစားမရှိဘူး...လွန်ခဲ့တဲ့ တစ်လလောက်က stalker တစ်ယောက် သူ့တိုက်ခန်းထဲ ဝင်လာလို့ တိုင်ချက်ဖွင့်ဖူးတယ် "

" Stalker က အခု ဘယ်မှာလဲ "

" ဟိုဘက်ခန်းမှာ ငါတို့ ဖမ်းထားတယ် .. လောလောဆယ် သံသယရှိသူတွေက သူရယ် နိုက်ကလပ်မှာ သူ့ကို ခေါ်သွားတဲ့ လူရယ်ပဲ"

" သူ့ အကြောင်း ဘာသိသေးလဲ "

" ရုပ်ချောတယ် ဆိုတာပဲ သိတယ် ကောင်မလေးတွေကလည်း နာမည်တောင် မမေးထားကြဘူး "

ကောင်းတာပေါ့ ။ ရီပေါ် မျက်ဖြူသာ ဆိုက်မိသည် ။
Stalker ဆီက ဘာသဲလွန်စမှ မရရင်တော့ ဒီအမှုက ကွင်းဆက်ပြတ်ပြီ ။

" အခြေအနေ ဘယ်လိုလဲ "

စစ်ဆေးခန်းထဲကနေ ထွက်လာသည့် ကျိုးချန် က ရီပေါ် အမေးကို ခေါင်းခါပြသည် ။

" ကောင်မလေးကို သူ မတွေ့တာ
အတိုင်ခံရတဲ့ နေ့ကတည်းကပဲ တဲ့
အလီဘိုင်လည်း ရှိတယ် "

အာ... တကယ် သူ ဟိုကောင်ကို ဖမ်းမိလိုက်ရမှာ ။
အခုတော့ လမ်းပျောက်သွားပြန်ပြီ ။

စိတ်ရှုပ်ရှုပ်နှင့် လမ်းထိပ်က စတိုးဆိုင်ကို ထွက်လာမိသည်။ သူ အခုထက်ထိ မနက်စာ မစားရသေးတာကြောင့် ခေါက်ဆွဲဘူး တစ်ဘူးကို ယူစားကာ လမ်းမထက်ရှိ လူများကို ငေးကြည့်သည် ။

Like You [ Completed ]Opowieści tętniące życiem. Odkryj je teraz