အပိုင်း ၂၃

14.8K 1.4K 99
                                        

(Unicode)

​ရှောင်ကျန့် ဆိုလိုသည့် ​ပျော်ပွဲစားဆိုတာ ကစားကွင်းပဲဖြစ်ဖြစ် Camp ထွက်သည်ပဲဖြစ်ဖြစ် တစ်ခုခုကို ရည်ရွယ်ပြီး ​ပြောလိုက်တာဖြစ်​ပေမဲ့ ပြန်မ​ပြောနားမ​ထောင် ရီ​ပေါ်က ဘာကို သ​ဘော​ပေါက်သွားသည်မသိ ​ရှောင်ကျန့်ကို လက်ဆွဲပြီး သူ့မိဘအိမ်ကို ​​ခေါ်သွား​တော့သည်။

'ရဲအလုပ်က ထွက်လာပြီ' ဟု​ပြောလာသည့် သား​တော်​မောင်​ကြောင့် ရီ​ပေါ်အ​မေက ဝမ်းသာသွားဟန် ​ပေါက်​သော်လည်း ​ရှောင်ကျန့်ကို ​ရှေ့တွန်း လက်ညိုးထိုးပြီး 'ဒါ သားချစ်သူ' ဆိုကာ ရုပ်တည်ကြီးနှင့် အတည်လှိမ့်​သော ​နောက်ဆက်တွဲဖြစ်ရပ်​ကြောင့် ​အပြုံးတို့ရပ် ပါးစပ်အ​ဟောင်းသား ဖြစ်သွားရရှာသည်။ ရီ​ပေါ်အ​ဖေက​တော့ အိမ်ပါသမက်​​လေး ​ရှောင်ကျန့်ကို ​ခြေဆုံး​ခေါင်းဆုံးကြည့်ပြီး ထမင်းဝိုင်းပြင်​ဟေ့ ဆိုသည့် စကားတစ်ခွန်း​ထွက်လာကာ အိပ်ခန်းထဲ ပြန်ဝင်သွားသည်။

​မျက်စိသူငယ် နားသူငယ်နှင့် ​ရှောင်ကျန့်က ​မျက်နှာကြက်ကြီးကို ​မော့ကြည့်လိုက် ၊ ​ကြမ်းပြင်ကို ငုံ့ကြည့်လိုက် ၊ ရီ​ပေါ်ကို စိတ်ထဲက ကြိတ်ကျိန်ဆဲလိုက်နှင့် လည်ဂုတ်အသားများနီရဲလာသည့်အထိ အရှက်​ပြေ လည်ပင်းကို ပွတ်​နေရသည်။

" ဒါဆို သားတို့က ဘယ်​တော့ လက်ထပ်ကြမှာလဲ "

ထမင်းစားပွဲဝိုင်းမှာ အရိပ်အကဲကြည့်ပြီး စား​နေရ​သော ​ရှောင်ကျန့် ထမင်း နင်သွားသည်။

" မားကလည်း ..
ကျွန်​တော်တို့ တွဲတာ လပိုင်းပဲရှိ​သေးတယ် "

တဟွတ်ဟွတ်နှင့် ​ချောင်းဆိုး​နေသည့် ​ရှောင်ကျန့်ကို ​ရေခွက်ကမ်း​ပေးရင်း ရီ​ပေါ် အ​မေ့ကို ပက်ခနဲ ပြန်​ပြောသည်။

" ဟိုတစ်​ခေါက် အ​​မေ သားအိမ်လာ​တော့ သူ့ကိုလည်း ​တွေ့တယ်​လေ.. ဒါကို ဘယ်လို​ခေါ်ပါလိမ့် ..​လူငယ်​တွေကြားမှာ ​​ခေတ်စားတဲ့ living together ဆိုလား .."

" ဖွီး..."

​ရှောင်ကျန့် ​သောက်လက်စ ​ရေ​​တွေ ပြန်ထွက်ကုန်ပြန်သည်။

" ကြည့်ဦး မား​ပြောလို့ ကျန့်​ကော ရှက်​နေပြီ "

" မဟုတ်တာ မဟုတ်တာ..
ကျွန်​တော် က​လေးကို...အဲ...ရီ​ပေါ်ကို လက်ထပ်ဖို့ စဥ်းစားထားပါတယ်ဗျ...​သေချာ​ပေါက် တာဝန်ယူမှာပါ "

Like You [ Completed ]Donde viven las historias. Descúbrelo ahora