အပိုင်း(၄)

1.3K 77 0
                                    

The Innocent Revenge

ထစ်!ထစ်!!ထစ်!

နာရီ၏တထစ်ထစ်မြည်သံအားကြားရသည့်အတွက်
အချိန်မှာ မစောနိုင်တော့ပါ
အမှန်ပင် ညဆယ့်တစ်နာရီအချိန်ပင် ရှိနေလေပြီး
သံစဉ်မှာ မူးဝေစွာဖြင့်နိုးလာလေသည်
နားထင်အားဖိထားလိုက်ပြီး မျက်လုံးအား
ဖြည်းညင်းစွာ ဖွင့်လိုက်လေသည် သူမ အရင်ခံစားမိသည်
မှာ တကိုယ်လုံးနာကျင်ကိုက်ခဲနေပြီး အားမရှိသကဲ့သို့
နုန်းချိနေလေသည် ရုတ်တရက် အဖြစ်ပျက်တို့အား
သတိရလာကာ ဘေးပတ်ပတ်လည်သို့
အကြည့်ရောက်သွားလေသည်

သူမဘေးတွင် အဝတ်ဗလာဖြင့် အိပ်ပျော်နေသော
လူကြီးတယောက်

သံစဉ်မှာ အနားတွင် အိပ်မောကျနေသည့် ထိုလူကြီးအား
ကြည့်ကာ ခပ်လန့်လန့်ဖြင့် လှဲနေရာမှ ထလာကာ
ထိုင်ရန်ပြင်လိုက်စဉ် အလွန်နာကျင်လှသည့်
ခါးအောက်ပိုင်းနေရာတို့ကြောင့်
သည်လောက်ဆို သံစဉ်နားလည်လိုက်ပါသည်
သူမ၏ဘဝမှာ ပျက်စီးသွားလေပြီ
သံစဉ်မှာ ပြန့်ကျဲနေသော သူမ၏ဂါဝန်အား
ကျန်ရှိနေသော အားလေးနှင့်ထကာ
အမြန်ကောက်ဝတ်လိုက်သည်
ပြီးလျှင်အိပ်ပျော်နေသော ထိုလူအား ရွံ ဖွယ်စိတ်ပျက်
ဖွယ် မုန်းတီးသည့်စိတ်ဖြင့် ကြည့်လိုက်သည်

ထိုသူမှာ တခေါခေါဖြင့် အိပ်မောကျနေသည်
ဤသည်ကို သံစဉ်မုန်းသည်
ထိုလူကြီး၏အသက်ရှူသံကအစ သံစဉ်မုန်းသည်
သံစဉ်ဆိုသည်မှာ သူမ၏အရှက်အား သူမ၏အသက်
ထက်ပို၍တန်ဖိုးထားသူဖြစ်သည်
အဘယ်ကြောင့်လူစိတ်မရှိ သူမ၏ဘဝအား
ဖျက်ဆီးခဲ့ရသနည်း အဘယ့်ကြောင့်နည်း
ဤလောကထဲ အသက်ဆက်ရှင်ရန် သူမတွင် ခံနိုင်ရည်
စွမ်းအားပင် မရှိတော့

သံစဉ်၏မျက်နှာမှာ ဖြူဖက်နွမ်းပါးနေပြီး မျက်ရည်လည်း
အဆက်မပြတ်ကျနေလေသည် နာကျင်လွန်းသဖြင့်
အံကြိတ်ထားရသည့်အတွက်လည်း သူမတွင်
အားအင်ပင် မရှိတော့ပါ ထို့နောက် သူမသည် တခုခုအား
သတိရသွားကာ သူမ၏အိတ်အား ဘေးပတ်ပတ်လည်
ရှာလိုက်လေသည်

ကုတင်အောက်တွင်ကျနေသော သူမ၏အိတ်အား
ကောက်ကာ အိတ်ထဲမှ ဖုန်းအားထုတ်ပြီး
အခန်းနှင့်ယှဉ်တွဲရှိနေသည့် ရေချိုးခန်းထဲဝင်သွားကာ
နံပါတ်တခုအား ခေါ်ဆိုလိုက်လေသည်
ကံကောင်းသည်မှာ သံစဉ် ၏လက်ကိုင်အိတ်မှာ
ကုတင်အောက်သို့ကျသွားသည့်အတွက် မည်သူမျှ
ထိုလက်ကိုင်အိတ်အား သတိမထားမိလိုက်ခြင်းပင်

The Innocent Revenge(Completed)Where stories live. Discover now