👉အပိုင်း(၁၈)

1K 61 0
                                    

The Innocent Revenge

ဖြိုးမှာ အပြင်အား ရေလဲဝတ်စုံဖြင့်သာထွက်လာလေ
သည် အပြင်တွင်အသင့်စောင့်နေသူမှာ Mark
Markသည်ကော်ဖီခွက်လေးအားခါယမ်းလျက်
ပူနေပုံရသေးသည့်ကော်ဖီအား ဖြည်းဖြည်းချင်းမှုတ်ကာ
အရသာခံ သောက်နေလေသည်
ဖြိုးမှာ Mark၏မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်သည်

""ဘယ်လိုလဲ ညကကျေနပ်မှုရှိရဲ့လာ""

Mark၏အမေးအား ဖြိုးဂရုမစိုက်ပဲ ရှေ့တွင်သာချထား
သော ကော်ဖီခွက်အား ယူကာ သောက်လိုက်သည်
ပြီးလျှင်တလုတ်မျှသောက်ပြီး ကော်ဖီခွက်အား
ပြန်ချထားလိုက်သည်

""ပြော ခင်ဗျား ဘယ်လောက်နဲ့ပြန်ရောင်းမလဲ""

ပြတ်သားစွာဆိုလာသည့်ဖြိုးစကားအား Markသဘော
ကျသွားပုံရသည်

""ဟားဟား ဒါဆိုမင်းကသဘောကျတယ်ပေါ့""

""ရီမနေနဲ့ ကျုပ်က ငယ်ရွယ်တဲ့မိန်းကလေး
တယောက်လို့ထင်ထားတာ""

""သူက ငယ်ရွယ်တဲ့မိန်းကလေးတွေထက်ပိုတန်ဖိုးရှိ
တယ်ကွ အစက မင်းမကြိုက်ရင် ငါ တခြားသူကို
ရောင်းလိုက်မလို့ပဲ မင်းကြိုက်တယ်ဆိုတော့""

Markမှာ ဟန်ပါပါတချက်ရယ်လိုက်ရင်း

""သူ့ကိုငါ သိန်း၂၀၀နဲ့ဝယ်ခဲ့တာဆိုတော့ မင်းကို သိန်း
၅ထောင်နဲ့ ပြန်ရောင်းမယ်""

သိန်း၂၀၀သာပေးထားသည့်အရာအား သိန်း၅၀၀ဝပြန်
တင်ရောင်းရဲသည့် Mark၏ ဇ သည်လည်းမသေးပါ

""ဟက်!! ခင်ဗျားက တကယ့်စီးပွားရေးသမားပဲ
သိန်း၂၀၀တန်ကို သိန်း၅၀၀၀နဲ့ပြန်တင်ရောင်းတယ်
ဆိုတော့""

""မင်းလောက်တော့မတော်သေးပါဘူးကွာ ကဲ
ဘယ်လိုလဲ ဝယ်မလား""

""ခဏနေ ခင်ဗျားဘဏ်အကောင့်ထဲ အဲ့ငွေပမာဏ
ရောက်စေရမယ်""

ဟုသာပြောပြီး တခါထဲလှည့်ထွက်လာလေသည်
ကျန်ခဲ့သူ Markမှာတော့ အကျေနပ်ကြီးပြုံးနေလေသည်
ဖြိုးမှာ အဝတ်စားအား အရင်လဲလိုက်သည်
အလုပ်တန်းသွားရမည်မို့ suitအပြည့်အားဝတ်ဆင်
ထားလိုက်သည် အမှန်တိုင်းပြောရလျှင် ဖြိုးသည်
အလွန်Smartကျသည့်ယောကျာ်းလေးအမျိုးစားထဲတွင်
ပါဝင်သည် ခန္ဓာကိုယ်မှာအချိုးစားကျနစွာ တည်ရှိပြီး
စကားသံမှာလည်း ယောကျာ်းတယောက်ထက်ပို၍
သြသည့်အသံရှိသည်

The Innocent Revenge(Completed)Donde viven las historias. Descúbrelo ahora