The Innocent Revenge
လွမ်းမှာ အလုပ်ဌာနထဲ ဝင်ဝင်ချင်း မြင်လိုက်ရသည့်
အရာကြောင့် မျက်မှောင်ကျုံ့ထားမိသည်
အကြောင်းမှာ ရှိန်းသည် အလုပ်ထဲရှိဝန်ထမ်းများနှင့်
မိတ်ဆက်ကာ ရယ်ရယ်မောမောနှင့် စကားဖောင်ဖွဲ့
နေကြသောကြောင့်ပင်လွမ်းမှာ ထိုမြင်ကွင်းအားကျော်လိုက်ကာ သူ၏အလုပ်
ခုံတွင်ဝင်ထိုင်လိုက်သည်
ရှိန်းသည် လွမ်းဝင်လာသည်ကို မျက်ထောင့်စွန်းမှတွေ့
လိုက်သော်လည်း မသိချင်ယောင်ဆောင်ကာ
စကားဖောင်ဖွဲ့နေသည်
လွမ်းမှာ သူ့ခုံတွင် ဝင်ထိုင်လိုက်မှ ရှိန်းသည် လွမ်းအား
လှမ်းခေါ်လိုက်သည်""ဘာလုပ်နေတာလဲ ဒီမှာမိတ်ဆက်နေကြတယ်လေ
မလာမိတ်ဆက်ဘူးလာ""လွမ်းမှာ ကျောပေးထားသော်လည်း ထိုစကားအား
ကြားလိုက်ပါသည် သို့သော် မသိချင်ယောင်ဆောင်
လိုက်သည်""မင်းကိုတော့လူတိုင်းကသိပေမဲ့ မင်းကလူတိုင်းကို
မသိဘူးမလား ဘာလဲ ဌာနတခုထဲနေပြီး
ဘယ်သူနဲ့မှ အဆက်သွယ်မလုပ်တော့ဘူးလာ""ထိုစကားကြားသည်နှင့် လွမ်းမှာ ထိုင်နေရာမှ ထလိုက်
ကာ ရှိန်းရှိရာ လူအုပ်ထဲ ဦးတည်လာသည်
ကျန်သော ဝန်ထမ်းများမှာ ပါးစပ်ပင် မဟရဲ
ငြိမ်နေကြသည်""ငါ လူတိုင်းနဲ့ အဆက်သွယ်လုပ်ချင်လုပ်မယ်
မင်းနဲ့တော့သေတောင် မလုပ်ဘူး headဖြူစုတ်""""ဘာ!! ဟက်ဖြူ ဘာဟက်ဖြူလဲ""
""headဖြူ လို့ပြောတာ မင်းခေါင်းက ဖြူနေတာပဲ
မလား ကုမ္မဏီမှာ ဝန်ထမ်းတွေဆံပင်
အရောင်ဆိုးတာကို မတားမြစ်ထားဘူးဆိုတိုင်း
အဲ့လို အဖြူရောင်ကြီးဆိုထားစရာလား မြင်ရတာ အာရုံကို
နောက်တယ်""""ဒါအဖြူရောင်မဟုတ်ဘူး ငွေရောင်ကွ""
""ငါ့မျက်လုံးထဲမှာတော့ အဖြူရောင်ပဲ headဖြူ
ဟ ဟ ဟ ""ရှိန်းမှာ ဒေါသထွက်လာကာ လွမ်းအား လက်ညိုးထိုး
လိုက်ပြီး""မင်း!!""
""ဘာလဲ""
""အာပြဲစိန်""
""ဘာ""
""မင်းကယောကျာ်းရောဟုတ်ရဲ့လား ယောကျာ်းဖြစ်
ပြီး ဒီလိုအာပြဲတာမျိုး မင်းကိုပဲတွေ့ဖူးသေးတယ်
မင်းက ငါတွေ့ဖူးသမျှထဲမှာ အာအပြဲဆုံးနဲ့ စကားအများ
ဆုံးပဲ""
YOU ARE READING
The Innocent Revenge(Completed)