The Innocent Revenge
ကုမ္မဏီမှာ ဒေဝါလီခံလိုက်ရပြီးပြိုပျက်လုနီးပါးဖြစ်နေ
ခဲ့လေသည် ပိုင်ဆိုင်ရာအိမ်တလုံးသာကျန်နေခဲ့
သော်လည်း အလုပ်သမားများမှာ
ဦးမြင့်မှလွဲ၍မည်သူတစုံတရာ
မျှမကျန်ရှိတော့ ယခင်ကရယ်စရာများနှင့်ပြည့်နက်
နေသည့်အိမ်မှာ ယခုတော့ခြောက်ကပ်နေသကဲ့သို့ပင်
ဦးမြင့်သည်လည်း အသက်ကြီးလာ၍ထင်သည်
သည်အိမ်တွင် အလုပ်တာဝန်ထမ်းဆောင်နေသည်မှာ
နှစ်လည်းမနည်းလှတော့ စိတ်မကောင်းဖြစ်မိသည်လွမ်းမှာ နိုင်ငံခြားသို့သွားရန် အဝတ်အထည်ပစ္စည်း
များအားကိုယ်တိုင်သာ ထုတ်ပိုးနေခဲ့ရာ
ဦးမြင့်မှဝိုင်းကူမည်ဆိုသော်လည်းလက်မခံပါပဲ
သူကိုယ်တိုင်သာ နေရာအစီတကျ စီစဉ်နေသည်
ဦးမြင့်မှ အကိုလေးဖြစ်သူအားသနားလွန်း၍ ဘေးနား
တွင်ရပ်နေကာ ဝမ်းနည်းမျက်ရည်ကျနေရုံမှအပ
မည်သည်မျှ မတက်နိုင်တော့လွမ်းသည် ကျယ်ပြန့်လှသည့်ကြမ်းပြင်ပေါ်တွင်
ဖျာတချပ်ခင်းကာ အဝတ်စားများဖြန့်ကျဲထားလျက် လိုအပ်
သည်အား ခရီးဆောင်အိတ်ထဲသို့ ထည့်နေလေသည်
စကားလည်းတခွန်းမှပင်မဆိုပါပဲ ငြိမ်သက်နေလျက်
မျက်ရည်များမှာ မျက်နှာအနံှ့ပြေးလွားနေသော်လည်း
မသုတ်ဖယ်မိတော့ သည်တိုင်းသာငိုကြွေးပါစေ
တော့လေထိုစဉ် အိမ်အတွင်းထဲသို့ စံပြေးဝင်လာလေသည်
ဧည့်ခန်းရှိ ကြမ်းပြင်ထက်တွင်ထိုင်နေကာ အဝတ်သိမ်း
နေသည့် လွမ်းအားမြင်သော် စံသည်လွမ်းအနားတိုးကပ်
သွားကာ ဘေးနားတွင် ထိုင်ချလိုက်ပြီး""ကိုလျှံ တကယ်သွားမှဖြစ်မှာလား""
""အင်း""
စံသည်လွမ်း၏သည်အခြေအနေအားတွေ့သော်
သနားလွန်း၍မည်သို့လုပ်ရမည်မသိတော့
ထို့ကြောင့် ထိုင်နေရက်ပင် စံသည် လွမ်း၏အဝတ်ခေါက်
နေသည့် လက်အားဆွဲယူကာ လွမ်းနှင့်မျက်နှာချင်း
ဆိုင်လိုက်လေသည် ပြီးနောက် လွမ်း၏ပခုံးတဖက်အား
ဆုပ်ကိုင်ထားလျက် စံသည် ဒူးတဖက်ထောက်ချထား
လိုက်ပြီး""ကိုလျှံ ဘယ်လိုပြောပြော ဦးသိမှာမှမဟုတ်တာ
ဒါကြောင့်မို့မသွားပါနဲ့လား ဒီတိုင်းတနေရာရာမှာ
သွားရှောင်နေလိုက်လေ သိပ်မကြာဘူး ဦးစိတ်ပြန်
ပြေသွားမှာပါ""
![](https://img.wattpad.com/cover/191073295-288-k629774.jpg)
YOU ARE READING
The Innocent Revenge(Completed)