အပိုင်း(၃၆)

1K 65 0
                                    

The Innocent Revenge

တိန်!!

ရှိန်းမှာ လွမ်းအားတချက်တွန်းထုတ်လိုက်ပြီး
သူ၏နာရီအားစိုးရိမ်တကြီး ကြည့်နေရာမှ ရုတ်တရက်
အသံတခုခုကြားလိုက်သောကြောင့်လှည့်
ကြည့်လိုက်ရာ သူတွန်းလိုက်သောကြောင့် လဲကျသွား
သော လွမ်းမှာ ခုံစောင်းနှင့်တိုက်မိသွားသောကြောင့်
နဖူးကွဲသွားကာ သွေးအနည်းငယ်ပင်
စို့နေလေသည် ထိုအခါမှ ရှိန်းမှာ သတိဝင်လာကာ
လွမ်းအား အလျင်မြန်ထူလိုက်ပြီး

""လွမ်း ငါ ငါတောင်းပန်ပါတယ် ငါဒီလိုမရည်ရွယ်ပါဘူး""

""ငါသိတယ် မင်းတမင်ရည်ရွယ်တာမဟုတ်ဘူးဆိုတာ ""

လွမ်းမှာ ထိုမျှပြောပြီးသည်နှင့် ခင်းကျင်းထားသော
အိပ်ယာပေါ် လဲချလိုက်သည် ပြီးနောက် ရှိန်းနှင့်
ဆန့်ကျင်ဘက်ဖြစ်ရာ တဖက်သို့ မျက်နှာမူကာ
ဘေးတစောင်းလဲအိပ်နေလိုက်သည်
ဤသည်ကို ရှိန်းနားမလည်ပါ ပုံမှန်ဆိုလျှင် လွမ်းမှာရှိန်း
အား ဆတ်ဆတ်ထိမခံ ပြန်ခံပြောတက်သူပင်မလား

""လွမ်း မင်းအဆင်ပြေရဲ့လား ဆေးလိမ်းမယ်လေ
သွေးထွက်နေတာကို""

""ရတယ် ငါအိပ်ငိုက်နေပြီ""

မီးသည်လည်း အချိန်ပြည့်သွားသောကြောင့်
ပျက်တောက်သွားလေသည် မြို့ပြင်ဘက်တွင်ရှိသည့်
မသန်မစွမ်းကျောင်းမို့မီးမှာ သူ့အချိန်နှင့်သူသာ
အသုံးပြုရသည် သတ်မှတ်ချိန်ရောက်လျှင် မီးဖြတ်လိုက်
သည်မှာ နေ့တိုင်းလိုလိုပင်
ထို့ကြောင့် ရှိန်းမှာ စားပွဲတွင်တင်ထားသော
လက်နိပ်ဓာတ်မီးအား ဖွင့်ထားလိုက်သည်
ညအမှောင်ထဲတွင် လက်နိပ်ဓာတ်မီး၏မှောင်ဝါးဝါး
အလင်းရောင်သာရှိသည်
ရှိန်းနှင့် လွမ်းမှာ အိပ်ယာခြင်းကပ်ရပ်ပင်
ကုတင်မဟုတ်ပါပဲ ကြမ်းပြင်ပေါ်တွင်ဖျာခင်းထားကာ
အိပ်နေရခြင်းမျိုး
ရှိန်းမှာထိုင်ချလိုက်ကာ သူ၏နာရီအား ကြည့်လိုက်ပြီး
သက်ပြင်းတချက်ချလိုက်သည်

""ငါဒီနာရီကို အရမ်းတန်ဖိုးထားခဲ့တာ ""

ငြိမ်သက်နေသော နေရာတွင် ထွက်ပေါ်လာသည့်
ရှိန်း၏စကားသံ

The Innocent Revenge(Completed)Tahanan ng mga kuwento. Tumuklas ngayon