အပိုင်း(၁၃)

939 67 0
                                    

The Innocent Revenge

မိုးလင်းလာသည်နှင့် လွမ်းမှာ မနက်စာ စားပြီး
ကုမ္မဏီသို့ထွက်လာလေသည် အလုပ်လာလုပ်သည်
တော့မဟုတ် လာအိပ်နေသည်ဟုဆိုလျှင် ပိုမှန်လိမ့်
မည် သူ၏နေရာတွင် ဇိမ်ကျကျနနလေးနှင့် အိပ်နေလေ
သည် ညက အတွေးလွန်ကာ ညနက်မှ အိပ်ယာဝင်ခဲ့
သောကြောင့် ယခုငိုက်နေရခြင်းပင်

ကျန်ဝန်ထမ်းများမှာလည်း လွမ်းအားမနိုးရဲပေ
ရှိန်းမှာလည်း စာချုပ်ကိစ္စအတွက်အလုပ်ရှုပ်နေရင်းနှင့်
အိပ်ပျော်နေသော လွမ်းအား တခုခုဆိုချင်သော်လည်း
မည်သည်မှပြောမအားသေး

ရှိန်းမှာ hotelသွားရန် ပြင်လိုက်စဉ် ယခုအချိန်ထိမနိုး
သေးသော လွမ်းကြောင့် စိတ်ရှုပ်ရှုပ်ဖြင့် စုတ်တချက်
သပ်လိုက်သည်
ရှိန်းမှာ သူများအလုပ်လုပ်နေချိန်အိပ်ပျော်နေသော လွမ်းအား မည်သို့လုပ်ရမည်ကို စဉ်းစားနေရင်း
အတွေးရလာသည်

ထို့ကြောင့်ရှိန်းမှာ လွမ်းအနားသွားကာ သူ၏ဖုန်းအား
volumeအမြင့်ဆုံးထားပြီး အိပ်ပျော်နေသော လွမ်းရှေ့
သီချင်းဖွင့်ကာ လွမ်း၏နားအား ကပ်ပေးလိုက်သည်

ရှိန်း၏အပြုမူအား အခြားဝန်ထမ်းများမှာ သည်တိုင်း
ကြောင်ကြည့်နေကြသည်
အလွန်ကျယ်လောင်သော သီချင်းသံအား
နားရင်းတွင်ကြား
နေရသောကြောင့် လွမ်းမှာ
အလန့်တကြားနိုးလာလေသည်

""ဘုရားရေ!!""

လွမ်းမှာ တချက်လန့်သွားလေသည် ပြီးမှ အပျင်းကြော
ဆွဲလိုက်ကာ တမင်ရည်ရွယ်ချက်ဖြင့်သီချင်းဖွင့်နေ
သော ရှိန်းအား တွေ့လိုက်ရကာ ဒေါသမှာ သူ့အလိုလို
ထွက်လာလေသည်

""နိုးပြီမလား""

""မင်း တမင်လုပ်တာမလား""

""ဟုတ်တယ်လေ အလုပ်ချိန်မှာ လူတိုင်းအလုပ်လုပ်
နေတာကို မင်းက လာအချောင်ခိုနေတယ်ဆိုတော့""

""အချောင်ခိုတာမဟုတ်ဘူး ပင်ပန်းလို့ခဏအိပ်နေတာ""

""ပင်ပန်းတယ်ဆိုတော့ မင်းက ဘာတွေ လုပ်နေရလို့
လဲ""

""ဘာပဲလုပ်လုပ်ပေါ့ မင်းနဲ့ဆိုင်လာ""

ဆိုကာ အပြင်ထွက်ရန် ဦးတည်လိုက်သောလွမ်းကြောင့်

The Innocent Revenge(Completed)Nơi câu chuyện tồn tại. Hãy khám phá bây giờ