Sardonic

955 50 0
                                    

part(2)

ရှိန်းသည် ညနက်သည့်အထိအလုပ်လုပ်ကာ အိပ်ယာ
ဝင်နောက်ကျသဖြင့် ပုံမှန်ထချိန်ထက်တစ်နာရီနောက်
ကျမှသာ နိုးလာလေသည်
အိပ်ယာမှထကာအိပ်ချင်မူးတူးဖြင့် ခေါင်းအားထိုးဖွ
လိုက်သည် ဘေးအားအကြည့်ရောက်သွားရာ
အမြဲတွေ့နေကျ ပုံရိပ်လေးအားမတွေ့ရသဖြင့် ရှိန်း
လန့်သလိုပင်ဖြစ်သွားသည်

ထို့ကြောင့် အိပ်ယာမှအမြန်ထကာ အိမ်အောက်သို့
ဆင်းလာလေသည် အိမ်အောက်သို့ရောက်သော်
တွေ့လိုက်ရသည့်မြင်ကွင်းက ရှိန်းအားကြည်နူးစေ
သည်

အင်္ကျီလက်တို ဘောင်းဘီပွအတို အားဝတ်ထားကာ
ပါးတွင်လည်း ပါးကွက်အဖွေးသားဖြစ်နေသော
သူ့အားဘေးတစောင်းလှည့်ထားသည့် လွမ်း၏ထို
ပုံစံအား ရှိန်းငေးကြည့်မိသည်

လွမ်းနှင့်အတူနေလာသည့်သက်တမ်းတလျောက်
လွမ်းပါးကွက်လိမ်းသည်အား ရှိန်းတခါမှမတွေ့ဖူးခဲ့ပါ

""ဦးမြင့် ထမင်းကြော်လေးကြော်တာပဲကို အရမ်း
အလုပ်ရှုပ်တာပဲနော်""

""အကိုလေးကကိုယ်တိုင်လုပ်ချင်တာကိုး""

""ရှိန်းက မနေ့ညက အရမ်းနောက်ကျမှအိပ်ယာဝင်
တော့ ခုနေထအုံးမှာမဟုတ်ဘူး သူထလာရင် ဒီလို
မနက်စာအသင့်ဖြစ်နေတော့မကောင်းဘူးလာ""

""ဟုတ်ကဲ့ပါ အကိုလေး ဆားနည်းနည်းပဲထည့်
အချိုမှုန့်မထည့်နဲ့တော့""

ထမင်းကြော်အား လွမ်းကိုယ်တိုင်ကြော်နေသည်လား
ဦးမြင့်ကပင်ကြော်နေသည်လားကို ရှိန်းခွဲခြားမတက်
တော့ ချစ်ရသူလွမ်းမှာ ဇွန်းသာကိုင်ထားသော်လည်း
တကယ်တမ်းကြော်လှော်နေသူမှာ ဦးမြင့်သာပင်

""မွေးနေတာပဲ ဘာတွေကြော်လှော်နေတာတုန်း""

နောက်ကျောမှပေါ်လာသည့်ရှိန်း၏အသံကြောင့်
လွမ်းမှာကိုင်ထားသောဇွန်းအားချကာ ရှိန်းထံပြေး
လာလေသည်

""မင်းနိုးပြီးလား""

""အင်း ကိုယ်အိပ်ယာထနောက်ကျသွားတယ်
ဒါနဲ့ ဘာလို့ပါးကွက်ကြီးလူးထားတာလဲ""

""အာ ဒါကလား ဦးမြင့်ရဲ့အမျိုးက သူ့ရွာကယူလာ
ပေးတာတဲ့ အနံ့မွေးလို့ဦးမြင့်ကို လိမ်းခိုင်းလိုက်တာ
ဘယ်လိုလဲ ကြည့်လို့ကောင်းတယ်မလား""

The Innocent Revenge(Completed)Where stories live. Discover now