အပိုင်း(၁၅)

1K 64 1
                                    

The Innocent Revenge

လွမ်းမှာ အိမ်ပြန်ရောက်လာသည်ထဲက ဦးငယ်ပေး
ထားခဲ့သော အသံဖိုင်အား ကိုင်ကာ အတွေးလွန်နေ
လေသည်

""အကိုလေး ရေချိုးဖို့ရေနွေးစပ်ထားပြီးပါပြီ""

ဦးမြင့်မှာ ဧည့်ခန်းတွင်ထိုင်ကာ အတွေးလွန်နေသော
လွမ်းအား စကားစလိုက်သည်

""အကိုလေး ရေချိုးလို့ရပါပြီး""

လွမ်းတယောက် လှုပ်ရှားလာခြင်းမရှိသဖြင့်ဦးမြင့်မှ
ဒုတိယအကြိမ်ထပ်ခေါ်လိုက်ခြင်းပင်

""ဦးမြင့် ဒီအသံဖိုင်က ကျွန်တော့အတွက်မဖြစ်နိုင်
ဘူးထင်တယ်""

လွမ်းမှာ အသံဖိုင်တခုအားကိုင်ကာ အတွေးခန်းဝင်နေ
လေသည်

""ဘာကိုလဲ အကိုလေး""

""အရင်က ကြိုးစားပြီးpwဖွင့်ခဲ့ပေမဲ့ မရဘူးလေ
ကျွန်တော်သိသမျှpwအားလုံးသုံးပြီးပြီ
မရဘူးဆိုတော့ ဒီအသံဖိုင်က တယောက်ယောက်
အတွက်များလာ""

""အကိုလေးက ဘယ်သူ့အတွက်လို့ထင်လဲ""

""မသိ နေအုံး တယောက်ကတော့သိမယ်ထင်တယ်
ဦးမြင့် ကျွန်တော် အပြင်သွားလိုက်အုံးမယ်""

ရုတ်တရက်လွမ်းမှာ သဘောပေါက်ကာ အပြင်သို့ပြေး
ထွက်သွားလေသည်

""အကိုလေး မိုးချုပ်နေပြီးလေ အကိုလေး ""

ဦးမြင့်စကားမှာ နောက်ကျကျန်ခဲ့လေပြီး လွမ်းမှာ အပြင်သို့ ရောက်နှင့်လေပြီ
သည်ညမှ ထူးထူးဆန်းဆန်းမိုးရွာနေလေသည်
ရွာနေသည်မှာ အငြိုးနှင့် ရွာနေသည့်ဟန် သည်းထန်
စွာရွာသွန်းနေသည်

လွမ်းမှာ အပြင်ရောက်မှ မိုးရွာချလာသောကြောင့်
hotelရောက်ရန်သာ ဆုတောင်းနေတော့သည်

ကံမကောင်းသည်မှာ လွမ်းငှားလာသော တက္ကစီမှာ
ရုတ်တရက် စက်သေသွား၍ လွမ်းမှာ ကားပေါ်မှ
ဆင်းကာ အခြားသော ကားအား ငှားလေသည်
မိုးသည်းထန်စွာရွာနေသဖြင့် လွမ်းအားမည်သည့်ကား
မျှ မရပ်ပေးပါ မိုးရေထဲတွင် လွမ်းတကိုယ်လုံး
ရေစိုနေလေပြီ

ရှိန်းမှာ ယနေ့အလုပ်မှ အပြန်နောက်ကျဆုံးသူဖြစ်သည်
လွမ်းမှာ hotelမှ အိမ်သို့တိုက်ရိုက်ပြန်သွားသော်လည်း
ရှိန်းမှာ ကုမ္မဏီပြန်ဝင်ကာ အလုပ်အား လက်စသတ်
သေးသည်

The Innocent Revenge(Completed)Donde viven las historias. Descúbrelo ahora