အပိုင်း(၉)

1.1K 74 0
                                    

The Innocent Revenge

သည်နေ့မှာ ရှိန်း၏kbကုမ္မဏီတွင် အလုပ်လုပ်ရမည့်
ပထမဆုံးနေ့ တနည်းအားဖြင့် ရှိန်းကလဲ့စားချေမည့်
ပထမဆုံးသောခြေလှမ်း၏အစ
ကုမ္မဏီဝင်ပေါက်ရှေ့ရပ်ရင်း
ရှိန်းမှာ စာရွက်များထည့်ထားသော လက်ကိုင်အိတ်
အမည်းအား ဘယ်လက်မှ ကိုင်ထားကာ
ကျန်လက်တဖက်မှ လေးထောင့်မကျမလှ တပ်ထားသည့် မျက်မှန်အား ပင့်တင့်နေသည်

ရှိန်းပုံစံမှာ တကိုယ်လုံး အနက်ရောင်suitသာ ဝတ်ဆင်
ထားပြီး ပါဝါမျက်မှန်မှာ ကိုင်းအမည်းရောင်လည်း
တပ်ထားသည်
ဘယ်ညာယိမ်းနေသော ငွေရောင်ဆံပင်များအား
ဂျယ်ဖြင့် အပေါ်သို့အကုန်သပ်တင်ထားသည်

ကုမ္မဏီထဲဝင်လိုက်သည်နှင့် ကုမ္မဏီ၏တာဝန်ရှိသူကို
အလုပ်လက်ခံရရှိသည့်စာရွက်
အား ထုတ်ပြရာ ထိုသူကရှိန်းအား ကုမ္မဏီ၏အရောင်း
စရင်းခေါင်းဆောင်ပင် ခန့်ထားလိုက်သည်

ရှိန်းမှာ ကုမ္မဏီထဲရောက်ရောက်ချင်း လူအများ၏
စိတ်ဝင်စားမှုအားရရှိနေသည် အထူးသဖြင့်
ဝန်ထမ်းမိန်းကလေးများ၏ နှုတ်ဖျားတွင် ရှိန်းမှာ
အပြောများလာသည်
ဤသည်တောင် ရှိန်းကုမ္မဏီရောက်နေသည်မှာ
မနက်ခင်းသာ ရှိသေးသည်

ရှိန်းမှာ ဖော်ရွေသည် ခင်တက်သည် ကူညီတက်သည်
သူ့ကိုယ်သူ ခေါင်းဆောင်ဟုပင် သဘောမထားပဲ
ဝန်ထမ်းများနှင့် လှိုက်လှိုက်လဲလဲနေသည်
ရှိန်းမှာ ကွန်ပြူတာနှိပ်ရင်း အလုပ်လုပ်နေစဉ်
ဝန်ထမ်းတယောက်မှ အထဲပြေးဝင်လာကာ

""အားလုံးပဲ အလုပ်လုပ်နေကြတာရပ်တော့ boss
လာနေပြီး""

ထိုသူ၏စကားအဆုံး အလုပ်လုပ်ရာ နေရာဆီသို့
ဖြိုးရောက်လာသည် ဖြိုးနှင့်အတူ ကောင်လေး
တယောက်လည်း လိုက်ပါလာသည်

ဖြိုးအထဲဝင်လာသည်နှင့် အားလုံးမှာ လုပ်လက်စ
အလုပ်အား ရပ်လိုက်ကာ မတ်တပ်ရပ်ရင်း ဖြိုးအား
ဦးညွတ်အရိုသေပေးကြသည်

""အလုပ်လုပ်တာ အနှောင့်ယှက်ဖြစ်သွားကြလား
ဒီမှာ ဝန်ထမ်းအသစ်တယောက်လာခန့်တာ""

ဖြိုး၏စကားအဆုံး ဖြိုးဘေးတွင်ရပ်နေသော လွမ်းအား
လက်ညိုးထိုးပြလိုက်ကာ

The Innocent Revenge(Completed)Donde viven las historias. Descúbrelo ahora