The Innocent Revenge
ဖြိုးနှင့်လွမ်းမှာ မနက်စာ စားနေကြချိန်ဖြစ်သည်
ဖြိုးမှာ မနက်တိုင်းcoffeeသောက်တက်သူဖြစ်ပြီး
လွမ်းမှာ coffee၏ခါးသက်သက်အရသာကို မုန်းသည်
ညီအကိုနှစ်ယောက်မှာ အချို့သောအရာတွင် အကြိုက်
ချင်းတူသော်လည်း အချို့မှာတော့ လျားလျားမျှပင်
မတူဥပမာ ဖြိုးမှာ စီးပွားရေးလုပ်ရသည်အားစိတ်ဝင်စား
သလောက် လွမ်းမှာတော့ စီးပွားရေးလုပ်ငန်းဆိုလျှင်
ဝေးဝေးမှရှောင်ပြေးနေတက်သည်
ဖြိုးမှာ စကားပြောလျှင်ပြတ်သားသည် ကြင်နာမှုမရှိ
သူ့အားထိခိုက်စေသည့်အရာမှန်သမျှ မဖြစ်ရလေအောင်
ကြိုတင်ကာကွယ်တက်သည် လွမ်းမှာတော့
ရန်ထားရသည်အားသဘောမကျ အကိုဖြစ်သူ၏အကာ
ကွယ်အောက်တွင်သာ နေထိုင်လျက်ရှိသည်လွမ်းမှာ ပေါင်မုန့်ပေါ် ခရင်စမ်းထားသော ပေါင်မုန့်
အား ဝါးကာစားနေရင်းနှင့်ပင် ဖြိုးဘက်သို့ မျက်နှာမူလာ
ကာ""ကိုကို ဘယ်အချိန်အလုပ်သွားရမှာလဲ""
ဖြိုးမှာသောက်လက်စ coffeeခွက်အား ချလိုက်ကာ
""အင်း ခဏနေပေါ့ ဘာဖြစ်လို့လဲ""
""ဟိုဟာလေ ဟို""
လွမ်းသည်ပြောရန်တွန့်ဆုတ်နေသောကြောင့် ဖြိုးမှာ
သေချာထပ်မေးလိုက်သည်""ဘာလုပ်မလို့လဲ ပြော""
""ကျွန်တော် ဆံပင်အရောင်ဆိုးချင်တယ်""
""မရဘူး""
""ကိုကိုကလည်း""
""မရဘူးဆိုမရဘူးပဲ ကြိုက်တာလုပ်လို့ရတယ်
ဆံပင်အရောင်တော့မဆိုးရဘူး အဖေမှာခဲ့တာမေ့သွား
ပြီးလာ အဖေက ဆံပင်အရောင်ဆိုးတာ
မကြိုက်ဘူးလေ မလုပ်ရဘူးနော် ညီ""ဤသည်မှာ ဖြိုးအလိုမလိုက်သည့် အရာများထဲမှတစ်ခု
ဖြိုးမှာ "အကိုကြီးအဖရာ"ဆိုသည့်အတိုင်း
လွမ်းအား လိုလေသေးမရှိ ဂရုစိုက်သည်
ကွယ်လွန်သူဖခင်အား ရိုသေသူဖြစ်၍ ဘယ်သောအခါမှ
ဆံပင်အရောင်မဆိုးခဲ့သည့်အပြင်
လွမ်းအားလည်း ဆံပင်အရောင်မဆိုးခိုင်းခဲ့ပါ ပြောရလျှင်
ဖြိုးမှာ စည်းကမ်းကြီးသည့်ဖခင်၏စရိုက်နှင့်တူပြီး
လွမ်းမှာ သိမ်မွေ့လှသည့် မိခင်၏စရိုက်နှင့်ဆင်တူသည်
![](https://img.wattpad.com/cover/191073295-288-k629774.jpg)
ESTÁS LEYENDO
The Innocent Revenge(Completed)