အပိုင်း(၃၁)

923 67 0
                                    

The Innocent Revenge

လွမ်းမှာ တုန်လှုပ်သွားသဖြင့် ကိုင်ထားသောကုတ်
အကျီ င်္ပင် မြေပြင်ပေါ်သို့ ပြုတ်ကျသွားကာ
သတိဝင်လာပြီး ထိုနေရာမှအမြန်ထွက်သွားရန်ပြင်လိုက် သော်လည်း မမှီတော့ တံခါးဖွင့်လိုက်သောအခါ
လွမ်းအားမြင်လိုက်ရသဖြင့် အံ့သြနေသူ
နှစ်ယောက်

လွမ်း၏မျက်လုံးများမှာ နီရဲနေပြီး ဒေါသကြောင့်
နှုတ်ခမ်းပါးပင် အနည်းငယ်တုန်နေသည်
ရှိန်းအားစိုက်ကြည့်နေသည့်အကြည့်မှာ တခါမှမကြည့်
ခဲ့ဖူးသည့် ရန်သူတယောက်အားကြည့်နေသည့်
အကြည့်ကဲ့သို့ပင် ရှိန်းသည်လည်းအပြစ်လုပ်ထားသည့်
သူကဲ့သို့ လွမ်း၏အကြည့်တို့အား ရဲရဲပင်ရင်ဆိုင်ကာ
မကြည့်ရဲပါ

ဟန်မှာ လွမ်းအားတွေ့သော် ထိတ်လန့်သွားကာ
သူအမြဲကိုင်ဆောင်ထားသည့် လက်ကိုင်သေနတ်တိုအား
အကျီ င်္ကြားမှ အမြန်ထုတ်လိုက်ကာ လွမ်း၏နားထင်
အား သေနတ်ဖြင့် ချိန်လိုက်သည်
ဟန်၏အပြုအမူကြောင့် ရှိန်းလန့်သွားကာ သေနတ်
ကိုင်ထားသောဟန်၏လက်အား ဆွဲထားလိုက်သည်

""ဟန် မင်းဘာလုပ်မလို့လဲ""

""သူအကုန်ကြားသွားတယ်ကွ သူ့ကိုအခုနေ မရှင်းလိုက်
ရင် ငါတို့စီစဉ်ထားတာ ပျက်ကုန်မယ်""

""မလုပ်နဲ့ သူသာတခုခုဖြစ်သွားရင် ပြသနာတက်ကုန်
လိမ့်မယ် ပြီးရင် အပြစ်မရှိတဲ့လူကို ဒီလိုလုပ်လို့မရဘူး
လေ မင်းပြသနာတက်သွားလိမ့်မယ်""

""ဘာကိုအပြစ်မရှိတဲ့လူလဲ သူက ဖြိုးကမ္ဘာလျှံဆိုတဲ့
သူရဲ့ညီဖြစ်ကတည်းက သူ့မှာအပြစ်ရှိနေပြီ""

ဟန်မှာ လွမ်း၏နားထင်အား သေနတ်ဖြင့်ချိန်ထား
သည် ရှိန်းမှာ ဟန်၏သေနတ်ချိန်ထားသောလက်အား
ဆွဲထားသည် လွမ်းမှာ သည်တိုင်းသာ အရုပ်ကြိုးပျက်
သကဲ့သို့ရပ်နေသည်
မျက်နှာပင် အနည်းပင်ဖြူဖက်နေကာ
စိတ်ထဲတွင်လည်းအတွေးများစွာဖြင့် ရှုပ်နေသည်
ကြည့်ရသည်မှာ လွမ်းသည် သူ့နားထင်အားချိန်ထား
သည့် သေနတ်အားကြောက်နေပုံတော့မရပါ

""ရှိန်း မင်းဆုံးဖြတ် သူ့ကိုအခုသတ်လိုက်ရမလား""

ရှိန်းမှာ လွမ်းအားကြည့်လိုက်သော်လည်း
လွမ်းမှာ ရှိန်းနှင့် အကြည့်ပင်မဆုံ မျက်လုံးတစုံမှာလည်း
အောက်သို့ ငိုက်စိုက်နေသည်

The Innocent Revenge(Completed)Where stories live. Discover now