အပိုင်း(၃၈)

1K 68 2
                                    

The Innocent Revenge

အဖြစ်အပျက်များပြီးဆုံးပြီး နှစ်ရက်ခန့်ကြာသော်အခါ
ဆေးရုံတင်ထားရသည့် လွမ်းမှာ နိုးလာလေသည်
သို့သော် သူနိုးလာသောအခါ အနားတွင်မည်သူမှ
ရှိမနေသောကြောင့် လွမ်းသည် ရှိသော အားလေးနှင့်
အနားရှိခုံပေါ်တင်ထားသော TVလမုအား ယူကာ tvအား
ဖွင့်လိုက်လေသည် တလိုင်းပြီးတလိုင်း ပြောင်းကြည့်ရာ
နောက်ဆုံးတွင်သူတွေ့ချင်နေခဲ့သော
သတင်းလေးအား တွေ့လိုက်ရသည်

ထိုသတင်းအားသူနားထောင်နေသော်လည်း
သူ့နားထဲတွင် ထိုသတင်းစကားများမှာ ဝင်တချက်မဝင်
တချက်နှင့် နာကျင်လွန်း၍ မျက်ရည်ပူများသာကျလာ
သော်လည်း သူအော်မညည်းမိတော့ ယခုမှနိုးထလာ
သည့်အတွက်ကြောင့်လည်း သူ့ထံတွင် ငိုကြွေးရန်
အားအင်တို့က မရှိသေး မျက်ဝန်းအားမှိတ်ချလိုက်ရာ
TV၏တဖက်သို့သာ သူမျက်နှာမူလိုက်မိလေသည်

လုပ်ရက်လိုက်လေခြင်း
သူ့အားအခွင့်ရေးလေးပေးမည်ဟုထင်ထားခဲ့သော်လည်း
အရာအားလုံးမှ နောက်ကျသွားခဲ့လေပြီး အစမှ
ပြန်စ၍မရနိုင်တော့လောက်အောင်လည်း အားလုံးမှာ
အဆုံးသတ်သွားလေပြီ

ကုမ္မဏီမှာ မတရားဝင်ငွေများဖြင့် လည်ပတ်နေသဖြင့်
ပြိုပျက်လုနီးပါ ဖြစ်နေလေပြီး
ထိုကုမ္မဏီမှ ထွက်လာသည့် kbကုမ္မဏီပိုင်ရှင် ဖြိုးကမ္ဘာလျှံ
ဘေးတွင်လည်း ရဲတဖက်စီနှင့် သတင်းထောက်လည်း
များလှသည် လူအများကလည်း သူ့ထက်ငါအပြိုင်
သတင်းရယူကြသည်

လွမ်းမေ့လဲနေသော နှစ်ရက်တွင် ဟန်နှင့် ရှိန်းမှာ
ရဲနှင့်ပူးပေါင်းကာ ဖြိုး၏အပြစ်များအား အလုံးစုံဖော်
ထုတ်လိုက်ကြသည် သက်သေကျလှသောအချက်လက်
များစွာကြောင့် ဖြိုးမည်သို့မျှလွတ်နိုင်မည်မဟုတ်တော့ပါ
ဖြိုးမှာ သည်မနက် ကုမ္မဏီလာနေစဉ် ရုတ်တရက်
သက်သေ အချက်လက်အပြည့်စုံဖြင့် ဖြိုးအား
ရဲများဝိုင်းလာကြလေသည်

ဖြိုးမှာ ရဲများရုတ်တရက် ဝိုင်းလာသဖြင့် ကြောင်အ
နေစဉ် ရဲဘက်မှထုတ်ပြလိုက်သော အချက်လက်
ကြောင့် ဖြိုးမငြင်းနိုင်တော့ ရဲများမှ ဖြိုးအား
ရဲစခန်းသို့ခေါ်ဆောင်သွားရန် ကုမ္မဏီမှထွက်လာသော်
ဘေးပတ်ပတ်လည် သတင်းထောက်အပြည့်
ရဲများနှင့်လည်း ရှုပ်နေသည် ဖြိုးအားကြည့်နေသည့်လူ
အုပ်ကြားထဲ ဖြိုးမှမျက်စိတချက်ဝေ့ကြည့်လိုက်ရာ
သူ့မြင်ကွင်းထဲဝင်လာသည့် သူတွေ့လိုက်ရသည့်
ရင်းနှီးသော အရိပ်လေးတခု မင်းကောင်းကင်ရှိန်း

The Innocent Revenge(Completed)Tahanan ng mga kuwento. Tumuklas ngayon