အပိုင်း(၁၀)

1.1K 72 0
                                    

The Innocent Revenge

ရှိန်းမှာ အလုပ်ပြီးသည်နှင့် အိမ်ပြန်လာရာ ကိုယ်ပိုင်
ကားမဝယ်ရသေးသဖြင့် ဘတ်စ်ကားသာပြန်စီးလာ
လေသည် အိမ်ရှေ့ရောက်သည်နှင့် မြင်လိုက်ရသည်က
အိမ်တံခါးကိုကျောမှီကာ ရှိန်း၏ပြန်အလာအားစောင့်နေ
သည့် ဟန်ဟန်ကို ရှိန်းမှာဟန်အားတွေ့သော် အံ့သြမသွား
သော်လည်း စိတ်အေးသွားရသည် ယခုသူ့ထံတွင်
ဟန်သာလျှင် အရင်းနှီးဆုံးပင်မလား
ရှိန်းသည် ဟန်အနား အနီးကပ်ဆုံးခြေလှမ်းလိုက်ကာ

""ဟန် မင်းဘယ်လိုရောက်လာတာလဲ""

""အာ ငါပျင်းနေလို့ အလုပ်ကဆင်းလိုက်တာနဲ့ မင်းဆီ
လာလိုက်တာ""

""မင်းကလည်း လာရင်ဖုန်းဆက်လေ ဘာလို့
ဒီလိုစောင့်နေတာလဲ""

""ဖုန်းအားကုန်နေလို့ကွ အိမ်ထဲမခေါ်တော့ဘူးလာ""

ထိုအခါမှ ရှိန်းမှာ အိမ်တံခါးဖွင့်ရန်သတိရသွားကာ
အိတ်ထဲမှ တံခါးသော့ထုတ်ပြီး အိမ်အား တံခါးဖွင့်ကာ
အိမ်ထဲဝင်လာရာ ဟန်လည်းအနောက်မှလိုက်ဝင်လာ
သည် ရှိန်းမှာ သူ၏လက်ကိုင်အိတ်အမည်းအား
ခုံပေါ်ချထားရင်းနှင့်

""လောလောဆယ်တော့ ငါ့အိမ်မှာဘာစားစရာမှ
မရှိသေးဘူး ရေပဲရှိတယ် ရေသောက်မလား""

""တော်လိုက်တော့ ဒါနဲ့ မင်းဘယ်ကပြန်လာတာလဲ""

""ငါလာ အလုပ်ရသွားပြီးလေ အလုပ်ကပြန်လာတာ
ပေါ့""

ဟန်မှာ ဆိုဖာတခုပေါ် သက်တောင့်သက်သာထိုင်ချ
လိုက်ပြီး ရှိန်းမှာ ဟိုသွားသည်သွားနှင့် အလုပ်ရှုပ်နေ
သည်

""မင်းဟာကလဲ ဟိုသွားဒီသွားမျက်စိနောက်လိုက်တာ""

""အေး ငါရေချိုးမလို့""

""သွားချိုး အာ မင်းဖုန်းရော ခဏပေး""

""ဘာလုပ်မလို့လဲ""

""ဆော့လ်ဝဲဒေါင်းချင်လို့ ""

""မင်းဘာမင်း ကိုယ်ဖုန်းနဲ့ကို ဒေါင်းပါလား""

""ငါ့ဖုန်းအား ကုန်နေပါတယ်ဆိုမှ မြန်မြန်ပေး
ပြီးရင် ရေချိုးစရာရှိတာ သွားချိုး""

The Innocent Revenge(Completed)Donde viven las historias. Descúbrelo ahora