part(4)
လေတဖြူးဖြူးနှင့်တိုက်ခတ်လျက်ရှိသော သည်နေရာသည်
အမှန်တကယ်ပင် ရာသီဥတု၏အေးမြမှုကြောင့်လား
သို့မဟုတ် ထိုနေရာတွင်ရောက်ရှိနေသူများ၏
ဆိတ်ငြိမ်မှုကြောင့်လားတော့မသိ ကျေးငှက်များ၏
တချက်ချက် တပင်မှတပင်ပေါ်သို့ကူးပြောင်းနေသည့်
တွန်မြည်သံမှလွဲ၍မည်သည်မျှ မကြားရ
ရောက်ရှိနေသည့်လူသားလေးယောက်မှာ
မင်းကောင်းကင်ရှိန်း လွမ်းကမ္ဘာလျှံ သုခစဲ ပြီးလျှင်
သူ၏သမီးဖြစ်သူsedarSedarသည် ဖခင်ဖြစ်သူ၏လက်အားဆုပ်ကိုင်ထား
ပြီး ဖခင်ဖြစ်သူနှင့်အတူ မတ်တပ်ရပ်လျက်ရှိရာ
ရှိန်းနှင့်လွမ်းမှာအနောက်တွင်ယှဉ်တွဲရပ်နေလေသည်
ရှိန်းသည် သုခစဲမြန်မာပြည်ပြန်ရောက်လက်စနှင့်
တနေရာသို့ကျိန်းသေသွားချင်သည်ဆို၍ လွမ်းလည်း
အတူလိုက်ပါမည်ဆို၍ သူကိုယ်တိုင်ပင် ကားမောင်း
လာပေးခြင်းသုခစဲသည် သူတို့နှစ်ယောက်ရှိနေလျှင် ရင်ဖွင့်ရ
မလွတ်လပ်မည်ကိုစိုးသောကြောင့် ကားထားရှိရာ
နေရာတွင် ပြန်စောင့်နေမည်ဖြစ်ကြောင်း အသိပေးကာ
နှစ်ယောက်သားမှာ တွဲလက်တို့ ထပ်တူကျ
ယှဉ်ထားလျက် ထွက်သွားကြလေသည်နှစ်များစွာကြာသွားသည့်တိုင် အုတ်ဂူပေါ်တွင်
ကမ္ဗည်းစာရေးထိုးထားသည်မှာ အသစ်စက်စက်
အတိုင်းပင်သုခစဲသည် အနားတွင်ရပ်နေသည့်သမီးဖြစ်သူsedarလေး
၏လက်အားဆုပ်ကိုင်ထားရာမှ ဖြုတ်ချလိုက်ကာ
အုတ်ဂူရှေ့ဒူးတဖက်ထောက်ချလျက် sedar၏လက်မောင်း
ရင်းအားလက်တဖက်နှင့်ထိတွေ့ထားကာ ပခုံးအား
သိုင်းဖက်ထားလေသည် ပြီးနောက် ဝမ်းနည်းနေသည့်
မျက်နှာအစား အဆင်ပြေကြောင်းဖော်ပြသည့်
မျက်နှာထားတို့ကအစားထိုးဝင်ရောက်လာလေသည်""ခွန်း ဒါကျွန်တော့သမီးလေ sedarတဲ့ ဒီနှစ်ထဲမှာပဲ
၈နှစ်ထဲဝင်တော့မှာ သမီးလေး ဦးဦးကိုနုတ်ဆက်လိုက်ပါ
အုံး""သုခစဲသည် ပထမတခွန်းအားအုတ်ဂူထံအကြည့်ပို့၍
ဆိုရာမှ ဒုတိယတခွန်းအား သမီးဖြစ်သူထံလှည့်ကာ
ပြင်သစ်ကဲ့သို့ဆိုလာခြင်းပင် ဤသည်ကို sedarလေးမှ
ခေါင်းတချက်ငြိမ့်ပြလျက်
ESTÁS LEYENDO
The Innocent Revenge(Completed)