part(1)
နောက်ဆုံးတော့ မြန်မာ့နှစ်သစ်မကူးခင် ဖြိုးမှာ
သမ္မတ၏လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ထောင်မှ
လွတ်သောအကျဉ်းသားများထဲတွင်
ကံကောင်းစွာဖြင့် ပါလာလေသည်
ပြီးလျှင် စံနှင့်အတူ ရွာလေးတွင် မိမိ၏လက်ကျန်အချိန်
အား ကုန်ဆုံးရန်အတွက် ဆုံးဖြတ်လိုက်သည်
စံသည်လည်းအလုပ်ဝင်သည်မှာ ကြာညောင်းခြင်း
မရှိသေးသော်လည်း အလုပ်မှနုတ်ထွက်ကာ
နေကောင်းခါစပြုလာသောမိခင်အား
ဆေးရုံမှ ဆေးခွင့်ဖြင့်ဆင်းစေကာ
ဖြိုးနှင့်မိတ်ဆက်ပေးလေသည်စံ၏မိခင်မှာ လိင်တူမို့အစပိုင်းသဘောမကျသော်လည်း
သားဖြစ်သူစိတ်ချမ်းသာလျှင်ကျေနပ်ပါသည်ဆို၍
ဖြိုးအား လက်ခံလိုက်လေသည်
ဖြိုးနှင့်စံမှာ သိပ်မကြာခင်က ရွာလေးတရွာသို့
ထွက်သွားခဲ့စဉ်က လွမ်းမှာလိုက်ချင်သည်ဆို၍
အဆက်မပြတ်ငိုနေသောကြောင့် ရှိန်းမှာ မနည်းပင်ချော့
ပြောခဲ့ရသည်သည်မနက် လွမ်းမှာအိပ်ယာမှနိုးလာစဉ် ကုတင်အား
စမ်းကြည့်လိုက်ရာ ရှိန်းမရှိသောကြောင့် အိပ်ချင်မူးတူး
ရုပ်ဖြင့် မျက်နှာပင်မသစ်ရသေးဘဲ အောက်ထပ်သို့
ဆင်းလာလေသည်ဖြိုးနှင့်လွမ်း၏အခန်းမှာကပ်ရပ်ဖြစ်သော်လည်း ဖြိုး
အခန်းအား သည်တိုင်းသာထားကာ သော့ခတ်ထားပြီး
ရှိန်းမှာ လွမ်း၏အခန်းတွင်သာ နေလေသည်
ကုတင်ကိုလည်း နှစ်ယောက်အိပ်ကုတင်ပြောင်းခဲ့သည်
အိမ်၏အိမ်တော်ထိန်းမှာ ယခင်အတိုင်း ဦးမြင့်ပင်
လွမ်းမှာ အိပ်ချင်မူးတူးရုပ်ဖြင့် အောက်ထပ်သို့ဆင်း
လာရာ ဦးမြင့်မှ""အကိုလေး မနက်စာ သုံးဆောင်တော့မလား""
""အင်း ရှိန်းရော""
မီးဖိုချောင်မှ စွပ်ပြုတ်ပန်းကန်လေးကိုင်ကာ ထွက်လာ
သော ရှိန်းကြောင့် လွမ်းမှာ အိပ်ချင်မူးတူးဖြစ်နေရင်းနှင့်
ပင် ပြုံးလိုက်သည်ရှိန်းမှာ သူကတိပေးခဲ့သည့်အတိုင်း အလုပ်တဖက်နှင့်
ဟင်းချက်သင်တန်းတက်ကာ လွမ်း၏တနေ့တာ
အစားသောက်အတွက် ကိုယ်တိုင်ပြင်ဆင်ပေးရသည်
မှာ ရှိန်း၏မရိုးသွားသည့် အလုပ်တခု
YOU ARE READING
The Innocent Revenge(Completed)