အပိုင်း(၄၁)

1.2K 71 0
                                    

The Innocent Revenge

""လေးနှစ်လောက်ထောင်ကျလာခဲ့တာ လာတွေ့တဲ့သူ
က မရှိတော့လဲမရှိလို့ အခုဆိုပြန်တော့လည်း
ငါ့မှာ ဧည့်သည်တွေများနေပါလား""

ရှိန်းမှာ နောက်ဆုံးတော့ ဖြိုးအားသွားတွေ့ရန် ဆုံးဖြတ်
လိုက်လေသည် စံပြန်သွားသည်မှ သိပ်မကြာသေး
ရှိန်းရောက်လာသောကြောင့် ဖြိုးမှာ ထိုကဲ့သို့ခနဲ့
လိုက်ခြင်းပင် ဖြိုးသည်မည်မျှပင်ပြောင်းလဲသွားပါစေ
ရှိန်းအရှေ့တွင်တော့ယခင်ကအတိုင်း အရှိန်အဝါထိန်း
ထားဆဲ

""ခင်ဗျားကိုမေးစရာရှိလို့""

ဖြိုးသည် စံပြန်ကာစအချိန်ဖြစ်သောကြောင့်
ထိုင်ရာမှမထရသေး ရှိန်းရောက်လာကာ စံထိုင်ခဲ့သည့်
ခုံတွင်အခန့်သားထိုင်ကာ ဖြိုးအားစကားစလိုက်သည်

""မင်းလို အပြင်မှာ လွတ်လပ်စွာရှိနေတဲ့လူက
ငါ့လိုထောင်ထဲမှာ ကျနေတဲ့သူကို ဘာတွေမေးစရာရှိ
နေလို့လဲ""

ဟုတ်ပါသည် ဖြိုးသည်ထောင်ဝတ်စုံဖြင့် ညိုးနွမ်းကျ
နေသော်လည်း ရှိန်းမှာမူ လူကြီးလူကောင်းတယောက်
ကဲ့သို့ခန့်ညားကာ အယောင်ဆောင်များနှင့်ပြည့်နက်လျက်
ရှိသည် ယခုအခြေနေမှာ နှစ်ယောက်သား၏ပုံစံ
အနေအထားတို့လွန်စွာ ကွာခြားလျက်ရှိသည်

""လွမ်းဘယ်မှာလဲ""

ရှိန်းမေးလာသည်အား ဖြိုးမှာ ခပ်ပြုံးပြုံးဖြင့်သာ
ပုခုံးတွန့်ပြလျက်

""မသိဘူးလေ ငါကထောင်ကျနေပါတယ်ဆို
ငါ့ညီဘယ်မှာလဲဆိုတာကို ငါသိပါ့မလား""

""လွမ်းဘယ်မှာလဲဆိုတာခင်ဗျားသိပါတယ်
ပြောပြပါ သူဘယ်မှာလဲ""

""မသိဘူး သိလည်းမပြောပြနိုင်ဘူး""

""ခင်ဗျား!!""

ဖြိုးအားပြောင်းလဲလာပြီးဟု လျော့တွက်မိခဲ့သည်မှာ
ရှိန်း၏မဟာအမှားပင် ဤကဲ့သို့သောသူကိုယ်တိုင်ပင်
ထောင်ချလိုက်သည့်သူမှသူ့အား လွယ်လွယ်နှင့်
လွမ်းရှိရာအား ပြောပြမည်တဲ့လား

""ကျွန်တော်လွမ်းနဲ့တွေ့ချင်တယ် စိတ်ရင်းအမှန်နဲ့ပါ""

""ဘာလို့တွေ့ချင်တာလဲ ငါ့ညီကမင်းအတွက်
ကလဲ့စားခြေဖို့အသုံးချခံသာသာပဲမလား ဒါကိုဘာလို့
အခုမှတွေ့ချင်ရတာလဲ""

The Innocent Revenge(Completed)Where stories live. Discover now