အပိုင်း(၂၆)

905 57 0
                                    

The Innocent Revenge

လွမ်း၏မျက်နှာမှာ တခုခုအားမလိုမကျမှန်းသိသာလှ
သည် မျက်မှောင့်အားကျုံ့ထားကာ နှုတ်ခမ်းမှလည်း
မည်သည်ကို ပွစိပွစိနှင့် ရွတ်နေသည်မသိ မည်သို့
ခြေဦးတည်ကာသွားနေသည်လဲ သူအာရုံမထား

""headဖြူစုတ် နောက်ဆိုမင်းနဲ့ငါမတွေ့တော့ဘူး
မနေ့ပဲလူကိုနမ်းပြီး ဒီနေ့ကျတော့ဘယ်ကပေါ်လာတဲ့ ရည်းစားနဲ့လဲ ဒါကြောင့်ငါ့ကိုအေးတိအေးစက်ဆက်ဆံ
နေတာကိုး ဟက် !!ကြည့်လိုက်ရင် ရုပ်ကဖြောင့်ချင်
သလိုလိုနဲ့ တကယ်တော့ ဘာမှမကောင်းပါဘူး
မကောင်းတဲ့လူ အယုတ်တမာကောင် ငါနော်
စိတ်ထိန်း လွမ်းကမ္ဘာလျှံ စိတ်ထိန်းလိုက်""

လွမ်းမှာ ငြူငြူငြောင့်ငြောင့်ဖြင့် လမ်းလျှောက်လာရင်း
ပါးစပ်မှလည်း တလမ်းလုံးရွတ်လာရာ
အကွေ့တခုတွင် လူတယောက်နှင့်တိုက်မိရာ လွမ်းလဲကျသွားသည်

အ!!

""ကလေး အဆင်ပြေရဲ့လား""

ထိုသူမှာ လွမ်းအား လာထူပေးရင်း စကားစလိုက်သည်
ထိုသူအား လွမ်းမော့ကြည့်လိုက်ရာ သေချင်စိတ်ပင်
ပေါက်သွားလေသည်
ထိုသူမှာ နှာဗူးမျက်နှာပေးနှင့် Markပင်
Markမှာ လွမ်း၏လက်မောင်းနှစ်ဖက်အား တင်းကြပ်
စွာ ဆုပ်ကိုင်ထားသောကြောင့်လွမ်းမှ ရုန်းသော်လည်းမရ

""လွတ်ဗျာ ""

""ကလေး ကလည်းစိတ်ကြီးလိုက်တာ""

""ကျုပ်ခင်ဗျားကို လွတ်လို့ပြောနေတယ်နော်""

""တကယ်မလွယ်တဲ့ ကောင်လေးပဲ ကိုယ်ကလည်း
အဲ့လိုခေါင်းမာတာလေးမှကြိုက်တာ""

""သေလိုက်လေ ကိုကို့ဧည့်သည်မို့ အားနာနာနဲ့
ဆက်ဆံနေတာ ခင်ဗျားက တကယ်တော့
သိုးယောင်ဆောင်ထားတဲ့ဝံပုလွေလိုပဲ အဆင့်ကိုမရှိဘူး
လွတ်လို့ပြောနေတယ်ဗျာ""

အမှန်ဆိုလျှင် သည်စကားအား Markမှဒေါသထွက်မိမှာ
အမှန်ပင် သူ့အားစော်စော်ကားကားဆိုလာသူမှန်
သမျှအား Markတယောက်အလွတ်ပေးခဲ့သည်ဟူ၍
မရှိ မှတ်သားလောက်ဖွယ်ရာပညာသာပေးတက်သည်
သူသည်လည်းခေသူမှမဟုတ်တာ
မူးယစ်ရာဇာ၏ဘုရင်တပါးပင်မလား
သို့သော် ထိုကောင်လေးပြောလာသည်မှာ အလွန်ချစ်
စရာကောင်းနေသဖြင့် Markမှာမူ ဒေါသပင် မထွက်မိ

The Innocent Revenge(Completed)Hikayelerin yaşadığı yer. Şimdi keşfedin