အပိုင်း(၂၀)

992 63 0
                                    

The Innocent Revenge

စံဒီသာဟုဆိုလိုက်လျှင်...
အသက်၁၈နှစ်သာရှိသေးသည့် ဆယ်တန်းအား
ဂုဏ်ထူး၃ဘာသာဖြင့်အောင်မြင်ထားသည့် ထူးချွန်သော
ကျောင်းသားတယောက်ပင် မုဆိုးမ မိခင်နှင့်အတူ
ငယ်စဉ်ထဲမှ ကြီးပြင်းလာရပြီး ယခုမိခင်ဖြစ်သူမှ
ရင်သားကင်ဆာဖြစ်ကာ ဆေးရုံတက်နေရပြီး
ထိုဆေးကုသစရိတ်အဖို့ စံဒီသာမှာ ကျောင်းပင်ဆက်
မတက်ရပါပဲ အချိန်ပိုင်းအလုပ်များလုပ်ကိုင်ကာ
ဆေးဖိုးရှာခဲ့ရသည် စံဒီသာသည် လူကောင်သေးငယ်
ကာ ဖြူနုလှပြီး မွေးကင်းစကလေးတယောက်နှင့်
ဆင်တူသည်ဟုဆိုရမည် ရိုးသားသည့်အပြင်
စိတ်ထားလည်းနူးညံ့သည် မိခင်၏ဆေးကုသစရိတ်အဖို့
ဘားလ်တခုတွင်အချိန်ပိုင်းwaiterလုပ်ရန်
ဆံသားများအား လိမ္မော်ရောင်ဆိုးခဲ့သည် ထိုမှသာလျှင်
သူ၏ရုပ်မှာ ပို၍ဆွဲဆောင်မှုရှိလာနိုင်သည်မလား
စံဒီသာဆိုသည်မှာ ကံအကျိုးပေးမကောင်း၍သာ
ဤသို့ဘဝတွင်ရှင်သန်နေရသည် အမှန်တကယ်ဆို
လျှင် သူ၏ဘဝမှာ သည့်ထက်ပို၍လှပနေသင့်သည်

Shopping centerမှအပြန်ဆေးရုံဝင်ပြီးနောက်
လွမ်းနှင့်စံမှာ လက်ထဲတွင်လည်း အထုတ်ပိုးအသီးသီး
နှင့် အိမ်သို့ပြန်လာခဲ့ကြသည် အချိန်မှာ ည၈နာရီပင်
ကျော်နေလေပြီ
နှစ်ယောက်သား အိမ်ထဲရောက်သောအခါ
အိမ်ရှေ့ဧည့်ခန်းတွင် စောင့်နေသည့် ဦးမြင့်နှင့်
ဖြိုးကမ္ဘာလျှံ ဖြိုးမှာ အိမ်ထဲဝင်လာသည့်လွမ်းနှင့်စံအား
မြင်သော်

""ဒါဘယ်ကပြန်လာတာလဲ""

ဖြိုးအသံမှာ မကြမ်းတမ်းသော်လည်း မနူးညံ့
ထိုအခါမှ လွမ်းမှာ သူနှင့် စံလက်ထဲကအထုတ်အား
ဦးမြင့်ထံပေးလိုက်ကာ ဖြိုးအနားကပ်ရင်း

""ကိုကိုကလည်း ကျွန်တော်ဈေးဝယ်ထွက်တာ
နဲနဲလေးပဲ ကြာသွားတာကို""

""ဒါဆိုဘာလို့တယောက်တည်း ဈေးဝယ်မထွက်ပဲ
ဘေးက တယောက်ပါခေါ်သွားတာလဲ သူကကျွန်ဆို
တာကို ညီမေ့နေတာလား""

""ကိုကိုရယ် ကျွန်ဆိုတာကြီးက နားထောင်ရဆိုး
လိုက်တာ သူ့မှာနာမည်ရှိတယ် စံဒီသာ တဲ့
ဒီလောက်လှတဲ့နာမည်ကို ကိုကိုမို့မခေါ်ပဲ ကျွန်လို့ခေါ်
တယ်""

The Innocent Revenge(Completed)Donde viven las historias. Descúbrelo ahora