The Innocent Revenge
အဖြစ်ပျက်များပြီးသည်ထဲက လွမ်းမှာ နေမကောင်း
ဖြစ်သည်ဟု အကြောင်းပြကာ ကုမ္မဏီသို့မလာတော့
ဆယ်ရက်ခန့်ကြာသောအခါ ရှိန်းသည်လည်း ကုမ္မဏီမှ
စာချုပ်သတ်မှတ်ထားသည့်ရက်ပြည့်ကာ
အလုပ်ဆက်မလုပ်
တော့ပဲ အလုပ်မှ ထွက်ခွာလာလေသည်ရှိန်းကုမ္မဏီမှ ထွက်ခွာလာပြီးသိပ်မကြာလိုက်ပါ
Markမှာ မူးယစ်ဆေးဝါးမှောင်ခိုမှုဖြင့် ရဲတို့၏အစစ်ဆေး
အား ခံလိုက်ရသည်
ရုတ်တရက်ဖြစ်သွားသည်မို့ မည်သူမှသတိမထားမိ
လိုက် လွမ်းမှာ ထိုသတင်းအား အင်တာနက်မှတဆင့်
မြင်သော် အကိုဖြစ်သူအား
မေးကြည့်မည်ဟုဆိုကာ အိမ်ပေါ်တက်လာရာမှ
အကိုဖြစ်သူ၏ဒေါသသံအား ကြားလိုက်ရသည်""မင်းတို့ကောင်တွေ ဘယ်လိုအလုပ်လုပ်နေတာလဲကွ Markကဘာလို့ရုတ်တရက် ဖမ်းခံထိသွားတာလဲ""
ဖြိုး၏စကားကြောင့် ခါးကိုင်းကာ ခေါင်းငုံ့နေသူများထဲမှ
ခေါင်းဆောင်ဖြစ်သူတယောက်မှ""boss ဒီကိစ္စရဲ့တရားခံကို ကျွန်တော်တို့လည်းမသိ
ကြဘူး မနေ့ညက သူဌေးMarkက ပစ္စည်းသွားပို့မယ်ဆို
ပြီး လူယုံနှစ်ယောက်နဲ့ထွက်သွားတာ ဘယ်လိုဖြစ်ပြီး
ဒီကိစ္စကရဲတွေဆီ အကြောင်းပေါက်သွားလဲမသိဘူး""ထိုသူစကားကြောင့် ဖြိုးမှာ ဒေါသပို၍ထွက်လာကာ
ခုံပေါ်တင်ထားသော ရေနွေးကြမ်းခွက်အား ပစ်ချလိုက်
သည်ခလွမ်း!!!
""ဘယ်သူလဲ ဘယ်လိုလူမျိုးက ငါနဲ့ထိပ်တိုက်တွေ့
ချင်နေရတာလဲ သွား မင်းတို့ Markဆီသွားပြီး ရဲတွေဘာ
မေးမေး ဘာမှပြန်မဖြေဖို့ နှုတ်သွားပိတ်လိုက်""""ဟုတ်""
ဆိုကာ ထိုသူများကာ ကမန်းကတန်းအခန်းထဲမှ
ထွက်ခွာသွားလေသည် တံခါးအပြင်ဘက်ရပ်နေသော
လွမ်းအားတွေ့သော် အရိုသေတချက်ပေးပြီး
ထွက်သွားကြလေသည်
လွမ်းမှာ အခန်းထဲတွင် နားထင်အားနာနာဖိထားကာ
ဆိုဖာပေါ်ထိုင်နေသော အကိုဖြစ်သူအားကြည့်ရင်း
စိတ်မကောင်းဖြစ်မိသည်လွမ်းသည်အကိုဖြစ်သူ၏အလုပ်အား မည်သည်
မှနားမလည်သော်လည်း Markမှာအကိုဖြစ်သူနှင့်
အလုပ်တွဲလုပ်သည့် ပါတနာဖြစ်သောကြောင့်
Markတခုခုဖြစ်လျှင် အကိုဖြစ်သူလည်းတခုခုဖြစ်လာနိုင်
သည်ဟုသာ တွေးနေမိသည်
YOU ARE READING
The Innocent Revenge(Completed)